ဒီနေ့ ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ပျင်းလို့ Downtown သွားပြီး မုန့်သွားစားတာ။ ကြုံလို့ Downtown က Shopping Mall တစ်ခုမှာ window shopping လုပ်လာတယ်။ :) ဘာမှတော့ မ၀ယ်လာဘူး။ အများကြီးတော့ ကိုင်ကြည့်လာတယ်။ ဟိုဟာ ကိုင်ကြည့်လိုက် ချလိုက်၊ ဒီဟာ ကြည့်လိုက်နဲ့ ၂နာရီကျော်လောက် အချိန်ကုန်သွားတယ်။ ဘာမှတော့ မ၀ယ်ဖြစ်ဖူး။ ဒါနဲ့ ဘလောခ့်ပေါ် ပုံတွေ တင်မယ်ဆိုပြီး ဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်လာတယ်။ Mall ကတော့ တော်တော် ကြီးတယ်။ ဒဂုံစင်တာရဲ့ .. အဆ ၅၀လောက် ရှိမယ်ထင်တယ်။ မှန်းကြည့်တာပါ။ ပိုကြီးချင်လဲ ကြီးလိမ့်မယ်။ အသေအချာ မသိဘူး။
ဒီနေ့ ၀င်ကြည့်ခဲ့တဲ့ ဆိုင်တွေကတော့ Nordstrom, Bloommingdale, Abercrombie, Hollister, American Eagle, Calvin Klein, Guess, Addidas, Borders, Pac Sun, Tourneau, Banana Republic, Bebe နှင့် Express တို့ပဲ ဖြစ်ပါတယ်။ မျက်လုံးအားဖြည့်လာသည်။ ၀ယ်ဖို့တော့ ပိုက်ဆံ စုနေတာ မပြည့်သေးဘူးမို့ .. ၀ယ်နိုင်ဘူး။ အခုအချိန်ကလည်း ဈေးလည်း မလျှော့ဘူးလေ။ Thanksgiving တို့ ဘာတို့ ရောက်မှပဲ ဈေးပေါတယ်။ အခုတော့ ဈေးကြီးတယ်။ ကြည့်ပဲ ကြည့်နိုင်တယ်။
ကဲ။ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ပေါ့။





































Shopping Lover
Tea
အောက်ဆုံးပုံလေးမိုက်တယ်..
ReplyDeleteတစ်ကယ်ယူထားတာလေး အရမ်းကောင်းဘဲ...
လဘ္ဘက်ရည်မရောင်းနဲ့တော့
ဓါတ်ပုံဆရာဘဲလုပ်တော့...။။
သွားတာကလဲ အင်္ကျီဆိုင်တွေချည်းပဲ။ ပေဖူးဆို ပထမဆုံးသွားတာက
ReplyDeleteIce-Creamဆိုင် (Ben&Jerry)၊
ပြီးရင် Grocery Super Market (Gummy worm နှင့် gummy bear) oယ်ရန်၊ :P
ပြီးရင် ဆံပင်ညှပ်၊ ရုပ်ရှင်ကြည့်။ မုန့်စား။
ဂိမ်းခွေဆိုင်မှာ နည်းနည်းပါးပါးမွှေ (ဈေးကြည့်သဖြင့် မ၀ယ်နိုင်ပါ) :(
အိတ်နဲ့ ဖိနပ်ဆိုင်ကို သွား။
ပြီးမှ အကျီဆိုင်ဘက်လှည့်တာ။
ရှော့ပင်ဘယ်သူလိုက်မလဲ??
တီးရေ - စာလုံးပေါင်းလေးပြင်လိုက်ပါအုံးကွယ်၊
ReplyDeleteNorthstorm မဟုတ်ပါဘူး Nordstrom ပါ။
မူလ immigrate လုတ်တဲ့နိုင်ငံက Sweden ဖြစ်လို့ မူလပိုင်ရှင်တရောက်ရဲ့နာမည်ဖြစ်ပါ တယ်၊ Northern light လို့အဓိပ္ပါယ်ရပါတယ်၊
ကိုအောင်ငြိမ်းရေ.. လောလောနဲ့ လုပ်လိုက်တာ.. မှားသွားတယ်.. ဆော်တီး.. အခုလို ပြောပြတာ ကျေးဇူး.. :)
ReplyDeleteako!
ReplyDeleteae dar bae nar ka shopping mall lel? Which one is it exactly?
These pics make me dizzy
ReplyDelete