ဇူလိုင်၁၉
A day to remember
(ပြည်သူများအတွက်အမှတ်တရဖြစ်စရာနေ့ လေးတစ်နေ့ )
A day to shed tears in sorrow
(ပြည်သူများနှလုံးသားမှဝမ်းနည်းမျက်ရည်တွေခခဲ့ရတဲ့နေ့ တစ်နေ့ )
ဇူလိုင်၁၉ရောက်ခဲ့လို့ ပြန်ပါပြီ….
နှစ်တွေပြောင်းလဲခဲ့ပေမယ့်ဗိုလ်ချူပ်ဖခင်နဲ့အာဇာနည်များက
ပြည်သုများရင်ထဲမှာရှင်သန်ခိုင်မာနေဆဲ…
ထို့ အတူပဲ အိမွန်တာကလည်းဒီဇူလိုင် ၁၉ အတွက်ကဗျာတစ်ပုဒ်
နဲ့ မှတ်တမ်းတင်ချင်ပါတယ်…
အာဇာနည်ဖွား
လူသန်းပေါင်းများစွာ
အမိမြေမှ မွေးဖွားသန့် စင်ခဲ့ကြရာဝယ်
သူက
ထူးခြားစွာတောက်ကြွား
ဇာနည်ဖွား၏….
ငယ်စဉ်တောင်ကျေး
ကလေးသဘာဝ လွတ်လပ်ပေါ့ပါးပျော်မြူးကြရာဝယ်
သူက
ထူးခြားလေးနက် မျက်တောင်မခတ်
အတွေးနက်၏…
ပညာရှာချိန်
ကျောင်းသားဘ၀ လေ့လာဆည်းပူးကြရာဝယ်
သူက
ထူးချွန်ထက်သန်ဇာတိမာန်ဖြင့်
ရဲသွေးမာန်ကြွ၏….
အသက်သုံးဆယ်အရွယ်
လူလတ်ဘ၀ဆိုသော်ညားလည်း
သူက
ရဲရင့်သွေးရဲရဲငြိလျက်
အမိမြန်မာ..ရတနာသားရယ်လို့ 
ထင်ရှားပီပီ ရှေ့ သို့ ချီ၏…
သြော်သူ၏ထူးခြား
အတိုင်းမရှိသော်ညားလည်း
လောကကံရှောင်လွှဲမရ ထုံးစံအတိုင်း
သူ့ ကိုလေးစားချစ်ခင်သူများ
ဝမ်းနည်းမျက်ရည်စက်လက်
နှစ်စဉ်ဇူလိုင် ကြိုဆိုကြရပေ၏…
ဝမ်းနည်းခြင်းများစွာဖြင့်
အိမွန်တာ
မှတ်ချက်၊၊ ၊၊ရေးသားသူမသိသောကဗျာလေးတစ်ပုဒ်မှ ဒီကဗျာရဲ့ အလိုက်လေးများအတွက် ကူးယူအသုံးပြုပါသည်၊၊
ထပ်တူထက်မြတ်ပါပဲ..နှစ်စဉ်ဇူလိုင် အောင်းမေ့သတိရ
ReplyDeleteနေပါဦးမည်။ သမိုင်းမှာ ဒီလိုနေ့ရက် စောစီးစွာ မဖြစ်ခဲ့ရင်ဘယ်လောက်ကောင်းမလဲ...။
"ကျွန်ုပ်တို့ရဲ့ဖခင်"
(ဖေါ်ပြပေးတာဖတ်ရတာပေါ့..အရင်ကရေးသားသူရော၊
အိတာရော တစ်ယောက်တစ်မျိုးဆီပေါ့။
အခုကဗျာလေးလဲ ကောင်းပါတယ်)
LOVE this poem! :)
ReplyDeletegreat job! THX!! ;)
ကဗျာလေးအရမ်းကောင်းပါတယ်ညီမရေ......
ReplyDeleteအမှတ်တရ ဆိုတာ ရှိသင့်ပါတယ်။ ကိုယ်တတ်နိုင်စွမ်းတဲ့ ကဗျာ စာပေ နဲ့ အလေးအမြတ်ပြုတာ နှစ်သက်စရာပါ....မအိမွန်တာ ။
ReplyDelete