Thursday, July 31, 2008

ကျောင်းတက်နေတယ်ဆိုရင်…. အပိုင်း(၃)


You know when you're in college….ကို မရေးတာတောင် ကြာပေါ့။ အပိုင်း(၁) နဲ့ အပိုင်း(၂)ကို အားပေးတဲ့ ဘော်ဘော်တွေ ကျေးဇူးနော်။ ဒီတစ်ခါတော့ အဲဒီ facebook အဖွဲ့က အပြင် ကိုယ်ပိုင်ဟာသလေးတွေပါ နည်းနည်းဖြည့်ထားပါတယ်။ မရီရရင် ကိုယ့်ဘာသာကိုယ် ကလိထိုးရယ်သွားပါနော်။ :P
မင်းကျောင်းတက်နေတယ်ဆိုရင်…………….

၁။ အခန်းဖော်နဲ့ တခန်းထဲ တူတူရှိနေရဲ့သားနဲ့ G-Talk ကနေ ချက်ပါတယ်။
(သူငယ်ချင်းရေ "long time no see" :P :P :P)

၂။ သောကြာနေ့ညတွေဆို ဘာတွေလုပ်မိမှန်းမသိလို့ စနေနေ့မနက်ကျရင် တခန်းဝင် တခန်းထွက် "ငါ မနေ့ညက ဘာတွေလုပ်မိလဲ" လိုက်မေးရတယ်။
(ပြန်ဖြေကြပါလိမ့်မယ်။ အေး……ဘာတွေလဲတော့ ငါလဲ မသိတော့ဘူး။) ~.~

၃။ ကျောင်းက လူတွေကို မြင်လဲ မြင်ဖူးတယ်။ မှတ်လဲ မှတ်မိနေတယ်။ ဘယ်မှာ မှတ်မိလဲတော့ မသိတော့ဘူး။
(ဒါကို ပေဖူးလွှာရဲ့ဘော်ဒါအစ်ကိုတွေက Date Pick-up Line လို့ ခေါ်ပါတယ်။
Boy။ Hi, I Think I know you. Have we seen each other before?
Girl။ Hmm… I think so. May be in some classes. What are you taking now?
Boy။ Oh ya, Professor John's Chemistry class, right?
အဲဒီမှာတင်
ကောင်မလေးက ကြိုက်တယ်ဆိုရင်
Girl(ဟုတ်သော်ရှိ မဟုတ်သော်ရှိ)။ Oh right, he is horrible professor. How are you doing in that class?
နောက်ဆက်တွဲကတော့ ဘာညာကွိကွ ကော်ဖီလေး ဘာလေးလိုက်တိုက်ပေါ့။ ဟဲ..ဟဲ
အဲ…..မကြိုက်ဘူးဆိုရင်တော့
Girl။ Nope, I am Theater Arts major. I have never taken chemistry before.
ပြောချင်တာကတော့ …….ဂျောင်းတော့ :D
ဒါက သူများသင်ပေးထားတာ။ နောက်ကြုံမှ လက်တွေ့စမ်းကြည့်ဦးမယ်။) :D

၎။ သင်ဟာ အခန်းထဲမှာ တကယ်အိပ်တဲ့ အချိန်ထက် လက်ချာဟောထဲမှာ အိပ်တဲ့ အချိန်က ပိုများနေမယ်။
(ကျောင်းက လက်ချာဟောတွေ နောက်တန်းတွေမှာပဲ ကျောင်းသားတွေ စုနေတာ အဲဒါကြောင့်)

၅။ ခရီးသွားစရာ ရှိလဲ မလျှော်ရသေးတဲ့ အ၀တ်တွေ ခေါက်ထည့်လိုက်တာပါပဲ။
(အင်္ကျီချိတ်တောင် မဖြုတ်ဘူး။ လုံးထည့်သွား အေးရော)

၆။ သင့်အခန်းမှ အမှိုက်ပစ်ရန် သူငယ်ချင်းသုံးယောက် အနည်းဆုံး ကူလီခေါ်ရပါသည်။
(သူတို့ အခန်းတွေမှ အမှိုက်ပစ်ရန်လည်း သွားကူပေးလိုက်ပါနော်)

၇။ ထမင်းစားအဆောင်ဧ။် စွတ်ပြုတ်ထဲမှ အသားသည် ယမန်နေ့က ဟင်းကျန်ဖြစ်ကြောင်းကို သိနေပါသည်။
(မှတ်မိတာပေါ့ မနေ့ကပဲ ဒီမျက်နှာလေးတွေ့လိုက်သေးတယ်) :P :P :P

၈။ ကောလိပ်ကျောင်းသားတစ်ယောက်သည် တစ်နှစ်လျှင် စက္ကူတစ်တန်ကျော် သုံးသည်ဟု အဆိုရှိပါသည်။
(ဒါတောင် ကွန်ပြူတာဖွင့်ထားတဲ့ လျှပ်စစ်မီးမပါသေးဘူး။)

၉။ သူငယ်ချင်းတွေ ထမင်းခေါ်ကျွေးရင် ပန်းကန်ဆေးရမှာ ပျင်းသောကြောင့် စက္ကူပန်းကန်တွေ အသုံးများနေပါသည်။
(ကမ္ဘာကြီး ပူနွေးလာတာ ဒင်းကလေးတွေ လက်ချက်လဲ မကင်းဘူး။)

၁၀။ ကျောင်းမှ ဖတ်စာအုပ်ကို ဒေါ်လာတစ်ရာကျော်ပေးပြီး ၀ယ်ပါသည်။ အစအဆုံးတောင် မကြည့်ဘဲ ကျောင်းပြီးတော့ ပြန်ရောင်းပါသည်။ ခုနှစ်ဒေါ်လာပြန်ရပါသည်။
(ရသည့် ၇ဒေါ်လာ ထမင်းတစ်နပ်ဝယ်စားပါသည်။ အစတည်းက ဖတ်စာအုပ်မ၀ယ်ရင် တစ်ပါတ်စာသုံးငွေထွက်လာမည် ဖြစ်ပါသည်။ သို့ပေမယ့်လည်း ကောလိပ်ကျောင်းသားပီပီ ကျောင်းစာအုပ်ဆိုင်ကို အလုပ်အကျွှေးပြုရမည့် ကံဇာတာပါလာသဖြင့် ၀ယ်လိုက်ဦးဟဲ့ နောက်တစ်နှစ်စာ) L

မရီရဘူးဟုတ်….. ဒါဆို ကလိထိုးပြီ :P
ပေဖူးလွှာ

12 comments:

  1. ကောင်းရော..ကောလိပ်ကျောင်းသားဖြစ်ရတာ တစ်ခုမှ မကောင်းပါလား အဟိ... အားလုံးက မှန်နေတော့လည်း ပြောမစွမ်းသာဘူး အဟီး ပေဖူးလွာတော့ အားလုံးမှန်နယ်ထင်တယ် ဟိဟိ

    ReplyDelete
  2. ဟဟ..ကြိုက်သွားပြီး ဒီပို့စ်ကို။ မှတ်သားစရာတွေ ဟီးဟီးအဲလိုလားးး :)
    ဒီလိုမှန်းသိပ်မသိပါဘူး၊ပေးမသိချင်တာ ဒီလိုမျိုးတွေ ရှိလို့ကို၊မိုက်တယ်ျနောက်လဲဆက်တင်ဦး..မပေဖူးလွှာဆီက အတွေ့အကြုံတွေက ဖတ်မှတ်လေ့လာစရာ
    ကောင်းတယ်ဗျို့။ ရောက်လာရင်လဲ စောစောစီးစီး ကိုယ်ကအထာသိနေတာပေါ့...:P
    ရီရတယ်ဟုတ်..ကလိထိုးမနေတော့ဘူးးး:)

    ReplyDelete
  3. နံပါတ်၁ကတော့ အတူဆုံးပဲ

    ReplyDelete
  4. ဟာဟ..ကြိုက်သွားပြီး ဒီပို့စ်ကို..မှတ်သားစရာရတယ်၊ဟီးဟီး သိပ်မသိခဲ့တာတွေ၊တချို့က ပေးမသိချင်တာ ဒီလိုမျိုးတွေရှိတာကို၊ မိုက်တယ် အကုန်လုံးမိုက်တယ်..မပေဖူးလွှာရေ
    နောက်ထက်အပိုင်းလဲ ဆက်တင်ပါဦးးး:) ဖတ်မှတ်အတွေ့အကြုံတွေရတယ်..ရောက်လာရင်လဲ
    ကိုယ်ကအထာသိနေတာပေါ့...:P
    ရီရတယ်ဟုတ်..ကလိမထိုးတော့ဘူးးး

    ReplyDelete
  5. အားလုံးတော့လဲ အကုန်လုံးမမှန်ပါဘူး။ တို့ဗမာကျောင်းသားတွေ ဖြစ်နိုင်ချေရှိတာကိုပဲ ရွေးတင်တာပေါ့နော်။ ဟဲ ဟဲ
    ဒီထက်ဆိုးတာတွေ ရှိသေးတယ်။ ဒါပေမဲ့ ဘာသာပြန်ရမှာ စကားလုံးရှာမတွေ့လို့။

    ပေဖူးလွှာလဲ အကုန်လုံးတော့ လိုက်မဖြစ်ပါဘူးနော်။ ပေဖူးက သောကြာနေ့ညဆို အခန်းသော့ခတ်ပြီး ငါးရက်လုံးအိပ်ရေးပျက်သမျှ အားရပါးရ အိပ်ပါတယ်။ ဒီတော့ နောက်နေ့မိုးလင်းဇာတ်ရှုပ်စရာ မရှိတော့ဘူး။ ;)

    ReplyDelete
  6. ဟီးဟီး နံပါတ် ၅ ကတော့အတိအကျမှန်ပါတယ် တစ်ခါမှမခေါက်ဝတ်ဖူးပါဘူး မှန်တာပြောသစ္စာ ခရီးသွားရင်ချိတ်ဖြုတ်ပြီးလုံးထည့်သွားတာပဲ
    ချိတ်ပါသယ်ရမှာပျင်းလို့ 
    (၆) ကတော့ဘော်ဘော်တွေကို ကိုယ်စား သောက်ပြီးတာတွေပြန်ရှင်းသွားခိုင်းတယ် အေးရော :D
    (၁၀) စာအုပ်ဖိုးတွေကတော့ကျောင်းကပေးတာပဲဟာ
    ကိုယ်ပေးရတာမှတ်လို့ ဟိုဟာထဲကရေ ဟိုဟာထဲပြန်သွားတာပါပဲ

    ReplyDelete
  7. ၁ က အမှန်ဆုံးပဲ...ဟီးးးးး
    ပေပေတော်တယ် တစ်မှတ်...:)

    ReplyDelete
  8. Hi there! This poѕt cοuld nοt be written аny
    bettег! Rеaԁing thіs post reminds mе of mу gοod old room mate!
    Ηe alwаys kept tаlking about thіs.
    I ωill forward this write-up to him. Ρгetty suгe he wіll
    hаve a goοd read. Many thanks for sharing!
    My weblog : click through the following page

    ReplyDelete
  9. I am now not certain where you're getting your info, but great topic. I needs to spend a while studying much more or working out more. Thanks for great information I used to be in search of this information for my mission.

    Take a look at my site ハミルトン 時計

    ReplyDelete
  10. I comment each time I especially enjoy a article on a website or I have something to add to the
    discussion. Usually it's caused by the fire displayed in the article I read. And on this article "ကျောင်းတက်နေတယ်ဆိုရင်.... အပိုင်း(၃)". I was actually excited enough to leave a thought ;) I actually do have a couple of questions for you if you usually do not mind. Is it only me or does it give the impression like a few of the remarks come across as if they are left by brain dead individuals? :-P And, if you are writing at additional sites, I'd like to follow you.
    Would you list every one of all your public sites like your Facebook page, twitter feed, or linkedin profile?


    My website :: Online Games

    ReplyDelete
  11. Hello! Thіѕ is my fiгst visit
    to уour blog! We arе a teаm оf volunteеrs and staгting a new
    pгoject in а communіty in the same niche.
    Your blog рroѵіded uѕ valuable informatiοn to worκ on.
    You havе ԁone a wonderful job!

    Hегe is my web site - get bigger boobs

    ReplyDelete
  12. When I initially сοmmented Ι cliсκed the "Notify me when new comments are added" checκbox anԁ nοw еach
    time a comment is аddeԁ I gеt several е-mails with the sаmе comment.
    Is there anу ωay you can rеmovе
    people fгom that sеrvice? Aρprecіatе it!


    mу ωeblog lose fat fast

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။