Friday, July 11, 2008

ရူးသူ

အတိုင်းအတာ အကွာအဝေး

အတောမသတ်နိုင်ပေမယ့်

ငါ့စိတ်ထဲ နင်ရှိတယ်ဆိုတဲ့အသိ

ငါ့စိတ်ကူးယဉ်နန်းမှာ

ခန်းနားတယ်….

စိတ်ကူးနဲ့ ရူးချင်တယ် ဆိုချင်ဆို…

(မလွတ်မြောက်ချင်သူဘယ်ရှိမလဲကွယ်….)


Type the rest of your post here.


အရင်ဘ၀ကြွေးဟောင်း

ပေးဆပ်ဖို့ ရောက်လာတဲ့ဧည့်သည်ဆိုပေမယ့်

နှစ်ရှည်လများ

ငါ့နှလုံးသားမြို့ တော်မှာ

ပုံသွင်းပိတ်လှောင်ခံခဲ့ရတယ်….

အစွဲအလမ်းကြီးသူလို့ ဆိုချင်ဆို…

(ပျော်စရာမရှာချင်သူဘယ်ရှိမလဲကွယ်….)


အဟောင်းတွေအသစ်

မဖြစ်နိုင်တော့ပေမယ့်

နင့်ပုံရိပ်ယောင်တွေ

ငါ့အိပ်မက်ထဲမှာ

ကိုယ်ထင်ပြထင်ရှားတယ်…

အရူးတစ်ယောက်လို့ ဆိုချင်ဆို…

(မနိုးထချင်သူဘယ်ရှိမလဲကွယ်…….)


ပြီးဆုံးဖြစ်ပျက်ခဲ့မှုတွေအားလုံး

ကံတရားနဲ့ မဆိုင်ခဲ့ပေမယ့်

နင့်ကိုအပြစ်မတင်ရက်ခြင်းတွေနဲ့ 

ငါ့ကံဆိုးခြင်းတွေတိုင်းမှာ

ယိုးမယ်ဖွဲ့ မိတယ်…….

လူညံ့ တစ်ယောက်လို့ ဆိုချင်ဆို….

(ကံကိုယုံဆူးပုံနင်းချင်သူဘယ်ရှိမလဲကွယ်….)



ခင်မင်စွာဖြင့်

အပျော်တမ်းကဗျာရေးသူ အိတာ


Poem Corner လေးကိုဒီကဗျာလေးနဲ့ စဖွင့်လိုက်ပါတယ်နော်၊၊
ချက်ခြင်းကြီးဆိုတော့ရေးထားတာမရှိသေးလို့ 

ဆရာလစ်တုန်းခိုးရေးလိုက်တာဒီကဗျာထွက်လာရော…ဟီး…

ရသစုံ (အလွမ်း၊အကြမ်း၊အချစ်)အောင်ရေးနိုင်ဖို့ ကြိုးစားမှာပါ…

ကဲအလွမ်းနဲ့ စမယ်…ဟီးးး

တီးသောက်သွားဦးနော်…ဖတ်ပြီးရင်


9 comments:

  1. လွမ်းရပြီပေါ့နော်
    ကဗျာလေးက ဆန်း၏ ကြိုက်၏

    ReplyDelete
  2. မလွတ်မြောက်ချင်သူဘယ်ရှိမလဲကွယ်….
    ပျော်စရာမရှာချင်သူဘယ်ရှိမလဲကွယ်….
    မနိုးထချင်သူဘယ်ရှိမလဲကွယ်…….
    ကံကိုယုံဆူးပုံနင်းချင်သူဘယ်ရှိမလဲကွယ်….

    ^ ^ မိုက်တယ်ရှင့်

    ReplyDelete
  3. Eitar.. :)
    poem is somehow different... and ... feel ... hmm... sad :(
    love poem lay lote par ohn! hehe

    P.S: i'm at college so i can't type burmese!

    ReplyDelete
  4. အင်းလုပ်မယ်တီးရေ...အလွမ်းနဲ့ စပြီး အကြမ်းလာရင်ကောင်းမယ်ထင်တယ် ဟီးးးးးးးးးးး

    ReplyDelete
  5. အဖွင့်ကဗျာလေးကမိုက်တယ်ဗျို့..ဆရာအလစ်ခိုးရေးထားတာလား...ဟဟ ပိုကောင်းနေသေးတယ်...တော်ပါတယ်ဆိုမှာ... zoot..:D

    ReplyDelete
  6. “_ရှုးသူ_ (ခြေရာကောက်)”

    ကံကိုယုံလို့ ဆူးပုံနင်းတယ်
    ဆိုချင်ဆို။
    အပျော်ရှာတယ်
    ပြောချင်ပြော။
    အချစ်နဲ့ မနိုးထချင်သူ
    ဘယ်သူရှိမလဲကွယ်။
    ငါ့နှလုံးသားရဲ့
    မွန်းကျပ်တဲ့ ခံစားချက်တွေကို
    မင်းရဲ့အပြုံးနုလေးနဲ့
    လွတ်မြောက်ခွင့် ပေးလှည့်ပါလား
    ချစ်ရသူရယ်။.....။

    ReplyDelete
  7. သူ့ ကဗျာကပိုမိုက်နေပါလားး...

    တားမြစ်ထားသော ကျေှးှဇူး

    ReplyDelete
  8. ကြိုဆိုပါတယ် .. ကြိုဆိုပါတယ် ...
    မုန့်ရောပါလားဗျ .. ဟီး

    မအိတာ.. ကဗျာလှလှလေးတွေ သီကုံးနိုင်ပါစေဗျာ ၊၊

    ReplyDelete
  9. ဖတ်ကြည့်လေ..ပိုကြိုက်မိလေပဲ၊ အရမ်းကောင်းတယ်
    နောက်ထက်ပို့စ်အသစ်မျှော်နေမယ်...

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။