Tuesday, May 13, 2008

မြန်မာပြည်သတင်း တစ်ချို့

ဟုတ်ကဲ့ပါ။ မေးလ်ထဲကို သူငယ်ချင်းတစ်ယောက်က အောက်ကပါ သတင်းများ ပို့လာသောကြောင့် အားလုံးကို ပြန်လည် ဝေငှပေးလိုက်ရတာ ဖြစ်ပါတယ်။ သတင်း မှန်လား မမှန်လားတော့ မသိပါ။ ကျွန်တော် စုံစမ်းတာ မဟုတ်သော ကြောင့် ဤသို့ ပြောခြင်းပါ။


မေလ ၁၁ ရက်နေ့ တွင် ကျောက်တန်းမြို့ရှိ ဆိုင်ကလုံး လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှမည်ကို စောင့်ကြနေပုံ။ (Photo: AFP)

လေယာဉ် ၂ စင်းစာ ကုလသမဂ္ဂ ကယ်ဆယ်ရေးပင်္စည်းတွေ စစ်အစိုးရ ထပ်မံ သိမ်းဆည်း ခံရပါတယ်။
ဒီလို သိမ်းဆည်း ခံရတာနဲ့ ပတ်သက်ပြီး WFP ကမ္တာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မားကပ်စ်က ပြောပါတယ်။ အားလုံးဟာ အခြေအနေ တခုထဲ အောက်မှာပါပဲလို့ ဆိုပါတယ်။ ပထမဆုံး ကူညီ ထောက်ပံ့ရေး လေယဉ် ၂ စင်းဟာ ပြီးခဲ့ သောကြာနေ့က သိမ်းဆည်းခံရတာ ဖြစ်ပြီးတော့၊ အခု နောက်ထပ် ၂ စင်း ကတော့ စနေနေ့မှာ သိမ်းဆည်းခံရတာ ဖြစ်ပါတယ်။

ကျွနော်တို့ဆက်ပို့မှာပါ။ ပို့ခွင့်ရဖို့ကိုလည်း ကျွနော်တို့ မြန်မာစစ်အစိုးရနဲ့ ဆက်ပြီး ဆွေးနွေးနေ ပါတယ်။ အကူအညီတွေ ပေးခွင့်ရ လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်လို့ အဲဒီ WFP ကမ္တာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အခုသိမ်းထားတဲ့ လေယဉ် ၂ စင်းမှာ စွမ်းအားဖြည့် ဘီစကွတ်မုန့်တွေ၊ အမိုးအကာ အတွက် ပစ္စည်းတွေ၊ ဆက်သွယ်ရေးနဲ့ ရုံးသုံးပစ္စည်းတွေ သယ်ဆောင်လာပြီး ဒီလေယာဉ် ပျံတွေဟာ ဒူဘိုင်းနဲ့ ကမ္တောဒီယားနိုံင်ငံ ဖနွမ်ပင်မြို့ တွေကနေ ထွက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီအပြင် အမေရိကန် ပြည်ထောင်စုက ကယ်ဆယ်ရေး ဝန်ထမ်းတေကြိုလည်း စစ်အစိုးရက ဝင်ခွင့် မပြုသေး ဘူးလို့ အမေရိကန် ထိပ်တန်း သံတမန်တဦးက ပြောပါတယ်။

နောက်တပတ်အတွင်း မိုးအကြီးအကျယ် ၄ ကြိမ်ရွာဖို့ ခန့်မှန်းထားပြီး လူ ၁ သန်း ကျော်ဟာ စားစရာ၊ နေစရာနဲ့ ဆေးဝါးတွေကို စောင့်နေကြပါတယ်။

မြန်မာစစ်အစိုးရဟာ အခုလို နိုင်ငံတကာ အကူအညီတွေကို တားမြစ်ထားတာတွေ၊ သိမ်းဆည်းတာတွေ၊ လုပ်နေစဉ်မှာ၊ တဖက်ကတော့ ရန်ကုန်ဆိပ်ကမ်းတွေကနေ တစ်ဆင့် ပြည်တွင်းက ဆန်တွေကို ပြည်ပကို တင်ပို့ ရောင်းချနေခဲ့ပါတယ်။

အကောင်းဆုံးကို ဆုတောင်းလျှက်

Tea

3 comments:

  1. yes, i agree to sorry.

    ReplyDelete
  2. ကြားရတာ စိတ်မကောင်းဘူး

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။