Tuesday, May 13, 2008

လုံးဝ မစိမ်းကားပါ

ကျွန်တော့် ကို စိမ်းကားတယ် စိမ်းကားတယ် ဆိုပြီး စွပ်စွဲနေတာ Cbox မှာ သုံးယောက် လေးယောက် လောက်ရှိပြီ။ ကောမန့် တွေမှာလဲ ၂ယောက် ၃ယောက်လောက် ရှိပြီ။ ဂျီတော့ခ် ပေါ်မှာ လာပြီး ပြောတာလဲ အများကြီးပဲ။

ဘယ်တုန်းက စိမ်းကားဘူးလို့လဲနော်။ လျှောက်မပြောကြနဲ့။ ဟီးဟီး။ ဒီမှာ စာမေးပွဲ အခု ၁၀၀ လောက် တန်းစီနေလို့။ စာမရလို့ ကမန်းကတမ်း မှီရာ လှမ်း ဆွဲ နေတာပါ။ မစိမ်းကားပါဘူးဗျာ။ ဒီလို စာမေးပွဲ တွေ များနေတာတောင် ဘလောခ့်ဂါတွေ၊ သတင်းတွေ၊ ပိုစ့်တွေ နဲ့ အဆက်မပြတ်ပါ။ မြန်မာပြည်ကြီး ဒီလို ဖြစ်တော့ စာလည်း သိပ်ပြီး မကျက်ချင်ဘူး။ ဟိုလျှောက်သွားလိုက် ဒီလျှောက်သွားလိုက် နဲ့ အလုပ်တွေ ရှုပ်နေတယ်။ အလှူငွေတွေ လည်း လိုက်ကောက်နေတယ်။ စာမေးပွဲပြီးတာ နဲ့ အပြည့် အ၀ ပြန်လည် လှုပ်ရှားမှာပါ။ အခုလို စာမေးပွဲတွေ ကြားထဲကနေ နေတိုင်း ပိုစ့်တွေလည်း အဆက်မပြတ် ရေးသွားဦးမှပါ။ ဟီးဟီး။ စိမ်းကားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ပြောလိုက်မယ်။ လုံးဝ ပါပဲလို့။

ထာဝရ မစိမ်းကားမည့် သူ
Tea

5 comments:

  1. Yone ya mar lar?? :)))

    All the best for your exam. As for me, I am pretty much busy with donation case as well as for my exam.

    I understand your situation as we are in same boat. However Please do keep in touch, Tea.

    Till then wish you good luck.,
    Soe Mya Nandar Thet Lwin

    ReplyDelete
  2. ဒါဆိုရင်လည်း ခဏလောက် မရစ်ပဲ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်မည်။

    ReplyDelete
  3. Sorry :D
    ma sanekarbue!

    ReplyDelete
  4. အခုတော့ မစိမ်းကားတော့ပဲ စိမ်းစု ချင်နေတယ်ပေါ့လေ တီး။ :P စာမေးပွဲတွေ ဖြေနိုင်ပါစေဗျာ။

    ReplyDelete
  5. စိမ်းကား တတ်ရင် Green Tea လို့ ပေးထား မှာပေါ့ ဗျာ :)

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။