Tuesday, May 20, 2008

လူသားချင်းစာနာကြသူများ

အခုတစ်လော ဘလောခ်တွေစီဘောက်တွေမှာ တွေ့ရတာတွေကလည်း ရန်ဖြစ်နေကြ စောင်းမြောင်းနေကြ နစ်နေမန်းဆိုတဲ့ ပုဂ္ဂိုလ်ကလဲ ပုဂ္ဂိုလ်ရေးတွေကို တိုက်ခိုက်လို့ ကျေနပ်နေလေရဲ့။ အခုချိန်မှာ ရှင်တို့တွေ တိုက်ခိုက်တာတွေ လုပ်ချင်ရင်ကိုယ်အိမ်ပေါ် ကနေသာ ခုန်ချပြီး သေလိုက်ကြပါတော့ လိုဘဲပြောချင်တယ်။ ကျမတို့ နိုင်ငံမှာ တစ်နေ့တစ်နေ့ သေလိုက်တဲ့လူတွေ၊ ဖတ်လိုက်ရတဲ့ သတင်းတိုင်းမှာ ရင့်ထဲမှာ ဆို့နင့် ကြေကွဲစွာ ခံစားရတာ လူမှန်ရင်သိတယ်။ တို့နိုင်ငံမှာ ရေ ကိုတောင် ၀၀လင်လင် မသောက်နိုင်တဲ့ဘ၀ကိုရောက်နေတဲ့အချိန် ရှင်တို့တွေ အားအားယားယား ရန်ဖြစ်မနေကြပါနဲ့၊ ရှင်တို့ရဲ့ နိုင်ငံရေး ပေါ်လစီတွေ ချပြမနေကြပါနဲ့၊ ဟိုဘက်က စစ်သားတွေလဲ စစ်သားဝါဒီတွေ အမိန့်တွေ ချပြမနေကြပါနဲ့။ အခုချိန်မှာ ကျမတို့တွေ ကြည့်ရမှာက ပြည်သူတွေမျက်နှာ၊ ဦးသန်းရွှေ မျက်နှာလဲ မဟုတ်သလို၊ ဒေါ်စုမျက်နှာလဲမဟုတ်ဘူး အဲတော့ ရှင်တို့ရဲ့ နိုင်ငံရေး ပေါ်လစီ ဆိုတဲ့ ပီရင်ဆော်ချင်တဲ့ အချက်တွေကို ခဏ ဘေးချိတ် ထားပေးကြပါ။ ရှင်တို့ဆော်ချင်ရင် ပြီးမှ ဆော်ကြ၊ အခုလောလောဆယ် ကျမတို့နိုင်ငံက ကလေးတွေမှာ ငှက်ပျောသီးတစ်လုံးကို တောင် တစ်ယောက် တစ်ဝက် ခွဲပြီး စားနေရတယ။်

သတင်းတွေ ဖတ်လိုက်ရင်လဲ သေတဲ့ကိန်းဂဏန်းတွေက တိုးတိုးလာလို့ ကျမ ကိန်းဂဏန်း တွေကို ကြောက်ရွံ မုန်းတီးလာပြီ။ ထုတ်လိုက်တဲ့ Statement တွေ၊ ဆန္ဒတွေကလဲ ပြလိုက်ကြတာ သံရုံးရှေ့သွားပြီးပြ သံရုံးက သံအမတ်တွေက ရှင်တို့ကို အော်လွန်းလို့ အရေထူနေပြီ။ ကျွဲပါးစောင်းတီး မနေကြပါနဲ့။ ကိုယ်တတ်နိုင် သလောက် အလှူငွေတွေ ပါဝင်ပြီး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ အတွက်ပံ့ပိုးပေးကြပါ။ ကျမ အမေဆိုရင်အခု လောလောဆယ် သေလုမျေားပါနဲ့ ဆေးရုံးပေါ်မှာ ဖြစ်နေတဲ့အတွက်၊ ကျမအမိ မြေကိုအခြေချဘို့ ဘန်ကောက်လေဆိပ်မှာ Transit ကြောင့် ခဏတာအချိန်လေး မှာဘဲ မြန်မာတွေကို သမိုင်းကြွေးကြောင့် မုန်းနေတဲ့ ထိုင်းလူမျိုး လ.၀.က. တွေတောင်ကျနော် ကို ဗမာမှန်းလဲသိရင် ခင်ဗျားမိသားစု ထိခိုက်ဒဏ်ရာရလို့လား? ကြားရတဲ့သတင်းတွေအတွက် စိတ်မကောင်းတဲ့ အကြောင်းနဲ့ အားပေးစကား ပြောတော့ ကျမမျက်ရည် လည်မိတယ်။ ကျမတို့လူမျိုးကို သူတို့ရဲ့ခိုင်းဘက်တွေ သမိုင်းကြွေးကြောင့် မုန်းနေပေမယ့် လူသားချင်းစာနာတဲ့စိတ်လေးနဲ့ ငါမီးနစ်လောက်တွေ့ဆုံချိန်မှာတောင် အားပေး စကားပြောနေတဲ့ ထိုင်းလူမျိုး လ.၀.က အရာ၇ှိကို ကျမ ကျေးဇူးတင် စကားပြောရင် မျက်ရည်လည်မိတယ်။ ကျမနောက်က တန်းစီးနေတဲ့ အဘိုးကြီး အဘွားကြီး လင်မယားက လည်း ကျမ ပတ်စ်ပို့စ်အနီးလေးနဲ့ မြန်မာကမှန်းလဲသိေ၇ာ သူတို့မြန်မာပြည်အတွက်စိတ်မကောင်းကြောင်းသတင်းထဲ မှာ အဘွားအိုတစ်ယောက် ကလေးတွေနဲ့ ငိုနေတာမြင်တော့ သူတို့စိတ်ထိခိုက်ရကြောင်း လာပြောတော့ကျမ မျက်ရည်တွေ ထိန်းမနိုင်တော့ဘူးရှင်၊။ ကမ္ဘာအရပ်ရပ်က လူတွေက ကျမတို့တိုင်းပြည်အတွက် စိတ်မကောင်းဖြစ် တတ်နိုင်သမျှလှူဒါန်းပြီး ကူညီနေချိန်မှာ ကျမတို့နိုင်ငံက လူကြီးတွေ စားမာန်ခုတ်နေကြတယ်၊ ကတုံးပေါ် ထိပ်ကွက်နေကြတယ်၊ သူတို့ရဲ့ ရွေးကောက်ပွဲအတွက်လုံးပန်းနေကြတယ်။ ကျမတို့ခေါင်းဆောင်းတွေ လူမှဟုတ်ပါ့ရဲ့လား။ ကျမတို့ ခေါင်းဆောင်တွေအတွက် ပြောစရာစကားလုံးမရှိတော့ဘူးရှင်၊ မြန်မာပြည်ေ၇ာက်တော့ အသိမိတ်ဆွေတစ်ယောက်က ပြောတယ် အဘဦးသန်းရွှေ နေမကောင်းပါဘူးတဲ့(ဦးသန်းရွှေနဲ့ဆွေးမျိုးနီးစပ်တော်သူပါ) သူအခု မုန်တိုင်းကိစ္စကို သိတော့သိတယ် ဒီလောက် လူတွေသေတယ်ဆိုတာ မပြောရဲသေးဘူးတဲ့။ ကျမ ထိုင်ရာကနေငေါက်ကနေထပြီး "အေး....ငါလေ အဲဒီသန်းရွှေနား၇ွက်ကို ဆွဲပြီးတော့သာ RFA တို့ BBC တို့နားထောင်းစမ်းဆိုပြီး ဖွင့်ပြလိုက်ချင်တော့တယ်၊ သေနေတဲ့လူသေ အလောင်းတွေကို တိုက်ရိုက်ပြလိုက်ချင်တယ်။ အဖြစ်သည်းနေလိုက်ကြတာ ပြောလိုက်ရင် အဘသွေးတိုးသွားမှားဆိုးလို့တဲ့။ ဆယ်ခါပြန်သာ နှားခေါင်းပိတ်ပြီးသေလိုက်ကြလို့ပြောခဲ့တယ် ဖမ်းခံရလဲမတတ်နိုင်ဘူးဗျာ။

တစ်ကမ္ဘာလုံး မြန်မာလူမျိုးတွေအငတ်ဘေး အသက်ဘေးအတွက် ပူပန်နေချိန်မှာဒင်းတို့က ပြောရင်တော့ထွက်တော့မယ် အနာလုပ်နေကြတယ်။ကျမတို့ပြည်သူတွေမှာ မုန်တိုင်းမိသေရ၊ အစာငတ်သေရ၊ရောဂါတွေနဲ့ အမျိုးမျိုးဒုက္ခတွေခါးစီးခံနေရချိန်မှာ လဒတွေက သူ့အဘကို သွေးတိုးမှာဆိုးလို့ကျန်းမာေ၇းထိခိုက်မှာဆိုးလို့တဲ့။ ဓါးမနဲ့သာတန်းစီ ခုတ်သတ်ပစ်လိုက်ချင်တယ်။ ကျန်မာရေးအရဆိုပြီး အနားယူလိုက်ပါလား။ သန်းရွှေမသိဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ရှင်တို့ အတွန့်တတ်လို့ရတယ်။ကျမက တော့ယုံတယ်။ တစ်ကယ်ဆို သူ့နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြည်သူတွေကို အားပေးစကားလေးတောင်ပြောလား။ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့တရုတ်မှာတောင် သူတို့ပြည်သူတွေအတွက် လွှတ် လိုက်ရတဲ့ရဟတ်၊လွှတ်လိုက်တဲ့ဆရာဝန် .သူနာပြုတွေ၊ စောက်ရှောက်သူတွေ။ ဒဏ်ရာရသူတွေကို ဂ၇ုတစ်စိုက်နဲ့အားပေးလို့။ ကျမတို့တိုင်းပြည်မှာတော့ ရဟတ်ယာဉ်မပြောနဲ့ ရေထဲမြောလာတဲ့သစ်တုံးကို ဖတ်ပြီးအသက်ရှင်နေရင်တောင် သစ်တုန်းကကျွန်းတုံးဆိုရင် အဖိုးတန်တယ်ဆိုပြီးဒုက္ခသယ်ကိုကန်ချပြီးသစ်တုန်းဘဲဆယ်မယ့်လဒတွေ မယုံရင်ရှင်တို့ လက်တွေ့ ကျွန်းတုံး လေးဖတ်ပြီးမျောကြည့်။စောစောက စကားစပ်အုံးမယ် သန်းရွှေက အသက်ကြီးလို့ဆိုပြီး ဆင်ခြင်ပေးရင်တဲ့လူဆိုရင် ဒင်းကြီးသက်ကြီးပင်စင်ယူပါလား လို့ဘဲကျမပြောချင်တယ်၊ သိန်းစိန်က သွားအားပေးတယ်ဆိုလို့ကျမမှာ ၀မ်းသာအားရတီဗီကိုဖွင့်ကြည့်လိုက်တာ ပြည်သူတွေကို သူပြောပြတဲ့ပုံစံလေးပြောပါအုံးမယ်ဘေးက ပါလာတဲ့အရာရှိတစ်ယောက်က အော်ရှာတယ် ငယ်သံပါလို့" ဒါက ၀န်ကြီးချုပ် ၀န်ကြီးချုပ်ဆိုပြီး"နောက် လူတစ်စုနားကိုဦးသိန်းစိန်က မတ်တပ်ရပ်ပြီးအားပေးစကားပြောပါတယ် ပြောပုံလေးက ဒီလို" ခင်ဗျားတို့ စားဘို့အတွက် ဆန်လိုမယ်ဟုတ်လား၊ ထမင်းစားဘို့အတွက် ပန်ကန်ပြားလိုမယ် ဟုတ်လား၊ ရေခပ်ဘို့အတွက် ရေပုံးလိုမယ်ဟုတ်လား ကျုပ်တို့သိတယ် ဒါပေမယ့်လောလောဆယ် ကျုပ်တို့ အရင်လာကြည့်တာ"ဆိုပြီးလိုအပ်သည်များကို မှာကြား မှာထားသည်မှာကို နောက်မှ လိုက်ပါလာသည့် အရာ၇ှိများက ပါဆယ်ထုပ်လေးဆွဲကာ ၁၅မိနစ်ခန့် ကိုယ်ရေသွေးပြီးလာလမ်းအတိုင်းပြန်သွားပါတယ်။ :P ကျုပ်တို့နိုင်ငံက ၀န်ကြီးကျုပ်က အားကျိုးမာန်တတ်နဲ့ ပြောနေချိန်မှာ ဘေးက အကျီတုံးလုံးနဲ့လူတစ်ယောက်က ထပြီး "ကျုပ်တို့ထမင်းလေးဝရင်တော်ပါပြီဆိုပြီး" ထပြောလိုက်တော့ ကျနော်ရင်ထဲမှာအဲဒီလူရဲ့ သတ္တိကိုချီးကျုးလိုက်ပါတယ်။

ထိုင်းနိုင်ငံက စမတ်ဆိုတဲ့ဝန်ကြီးချုပ်က လဲ မြန်မာနိုင်ငံမြေပုံကို မကြည့်တတ်လို့ဆိုပြီးသိန်းစိန်က ဒုတ်တံကြီးနဲ့ထောက်ပြရှင်းပြသွားပါတယ် (စမတ်ကိုတော့ ကျေးဇူးတင်၏သူ့က လိုချင်မျက်စိသာရှိတာ လောလောဆယ်တော့ လှူနေတဲ့အတွက်)။ နောက်တစ်ခုက ကျမတို့ တွေ အားလုံး ဒီအဖြစ်ပျက်လေးကို အားလုံးသိစေချင်ပါတယ်။ ကျမကိုယ်တိုင်ကြုံတွေခဲ့ရတာ မဟုတ်ပါဘူး ဒါပေမယ့်ကျမ အစ်မကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်တစ်ခုပါ။ ကျမ အစ်မက က ဒုက္ခသည်တွေအတွက် သူတို့ ဆေးကျောင်းက သူငယ်ချင်းတွေစုပြီး ဆေးဝါးတွေလှူဒါန်းဘို့သွားတာပါ စစ်သားတစ်ချို့လဲ လမ်းရှင်းပြီး သစ်ပင်ခုတ်နေကြပါတယ်။ အစ်မ ပြောပြချက်အရဆိုရင် အဲဒီစစ်သားလေးက ၁၈ နှစ် ၁၉နှစ်လောက်ဘဲရှိပါသေးတယ်။ အဘွားအိုကလဲ အုန်းရွက်လေးတွေနဲ့ ဖြစ်သလိုလေး တဲထဲမှာနေရပါတယ်တဲ့။ တဲကလည်းအဖြစ်ဆောက်ထားတယ် အဘွားအိုကလည်း အိမ်ရှေ့မှာထွက်ပြီး ၀မ်းတွေလျှောနေပြီး နောက်ဆုံးသူ့တဲရှေ့မှာဘဲဝမ်းသွားနေရတယ်။ ဘာမှလဲစားထားဟန်မရှိပါဘူး ။အဲဒါကိုမြန်တဲ့စစ်သားငယ်လေးက သူ့ထမင်းထုပ်ကလေးကို အဖွားအိုကို တစ်ဝက်ခွဲပြီး ကျွေးနေတာကိုတွေ့ရပါတယ်တဲ့ သူ့ထမင်းထုပ်ထဲမှာလဲ အားလူးနှစ်ဖတ်နဲ့ ငရုတ်သီးကြော်ဘဲပါတယ်တဲ့။ ကျမအစ်မ ကလည်း မျက်ရည်အလွန်လွယ်ပါတယ်။ သူပြန်ပြောပြတာကို နားထောင်ပြီး ကျမအတော်လေး စိတ်မကောင်းဖြစ်ရသလို ။ အောက်ခြေ၀န်ထမ်း စစ်သားလေးတွေရဲ့ စာနာစိတ် လူကို လူလို့မြင်တဲ့စိတ် လေးက ဟိုပုလ္လင်ထပ်မှာ ဘီစကစ်စားပြီး အဆီရစ်အာဏာအတွက် ဆန္ဒခံယူပွဲတွေကို လုံးပန်းနေတဲ့ လဒတွေနဲ့များ သေးနဲ့ထောပတ်သလို သာနှိုင်းချင်ပါတယ်။ (မူရင်းကတော့ဆီနဲ့ရေလို့ပြောပါတယ်။ ရေကအခုချိန်မှာ အဖိုးတန်လို့သူတို့နဲ့မနှိုင်းချင်ပါဘူး)အဲဒီအဖြစ်အပျက်ထဲက စစ်သားလေးရဲ့ကိုကျမ ထိုင်ရှိခိုးချင်စိတ်ပေါက်ပါတယ် ။အဲတော့သူတို့လေးတွေက ကြိုးကိုင်ချယ်လှယ်ခြင်းကိုခံနေရသူပါ။)တပ်မတော်သားတွေ စစ်သားတွေအနေနဲ့လည်း ရှင်တို့ခေါင်းဆောင်တွေ လုပ်ရက်ကို ရှင်တို့ဦးနှောက်ရှိရှိ စဉ်းစားဆင်ခြင်ကြစေလိုပါတယ်။ ရှင်တို့တွေထဲမှာ လူသားချင်းစာနာတဲ့ စိတ်တွေရှိနေမယ်လို့ အပြည့်အ၀ယုံကြည့်ပါတယ် (လဒခေါင်းဆောင်တွေကိုမပြောပါ) အခုဖြစ်ပျက်နေတဲ့ အခြေနေတစ်ခုမှာဘဲ ရှင်တို့ ကျမတို့တွေ ဘယ်နိုင်ငံရေး ရှူထောင့်ကနေမှမကြည့်ဘဲ လူဆိုတဲ့စိတ် လူသားချင်းစာနာတဲ့ စိတ်တွေနဲ့ဘဲ တစ်ချက်လောက်ခံစားပေးပါ။ မုန်းတိုင်းမိသူ ဒုက္ခေ၇ာက်သူတွေထဲမှာ ရှင်တို့မိသာစုတွေ ရွှေမျိုးအသိုင်းအ၀ိုင်းတွေလဲ ပါမှာပါ။အဲဒီအတွက် ရှင်တို့တွေဆီမှာလည်း ခံစားချက်တွေ ကိုယ်စီရှိကြမှာပါ။

နောက်ထပ်ကျမပြောချင်နေတဲ့ လဒတစ်ကောင်ရှိပါသေးတယ်။ UN မှ မြန်မာ ၀န်ထမ်း ကိုကိုအောင်ဆိုသူပါ။ ဒါက ဒုက္ခရောက်နေတဲ့မြန်မာလူမျိုးများကို UN မှ မြန်မာဝန်ထမ်းဖြစ်တဲ့ ဦးကိုကိုအောင်က ပြောသွားတဲ့အားပေးစကားပါ ပြောပုံက တော့" ဘယ်လောက်စားရစားရတယ်လို့ မပြောဘူး ဘယ်လောက်ရရရတယ်လို့ မပြောဘူးပင်လယ်နားနီးလေ သောက်ကျင့်မကောင်းလေဘဲ" ဆိုပြီးမြန်မာလူမျိုး အချင်းချင်း ဒုက္ခရောက်နေချိန်မှာ အခုလို အားပေးစကား ပြောသွားတဲ့အတွက် ကျမအနေနဲ့ အဲဒီအမျိုးယုတ်ကိုတွေ့ရင် သတ်ပစ်ချင်ပါတယ်။

နောက်ထပ်ကျမ ရင်ထဲမှာ မကောင်းတာ တစ်ခုက စီဘောက်တွေမှာ အများဆုံးဖြစ်ပျက်နေပါတယ်။ ကျမတို့တိုင်းပြည်ကို အမေရိကန်စစ်တပ် ၀င်ပြီချတော့မယ်ဆိုပြီး ၀မ်းသာနေကြပါတယ်။ ကျမ ဘယ်လိုမှဝမ်းမသာနိုင်ပါဘူး။ ဟိုလဒတွေသေလို့ကတော့ ဆယ်ခါပြန်သေသေ မြေပါတူးပေးလိုက်အုံးမယ် ဒင်းတို့ကိုမြေမြှုပ်ရအောင်လို့။ မဆိုင်တဲ့သူတွေကိုထိခိုက်မှာ နောက်တစ်ခုက ပြည်သူတွေမှ အငတ်ဘေးမှ ဆိုက်နေရတဲ့အထဲ သေနတ်ဘေးပါ မဆိုက်စေချင်လို့ပါ။

အစားအစာတွေ စေတနာနဲ့ လာရောက် လှူဒါန်ကြသော နိုင်ငံအသီးသီးကို၎င်း၊ ပြည်ပေ၇ာက်ရွှေမြန်မာများ၊ သံဃာများအား၎င်း ၊နိုင်ငံအသီးသီးမှမြန်မာပြည်သူများကို လူသားချင်းစာနာစွာ လှူဒါန်းကြသော အလှူရှင်များအား၎င်း၊ အထူးသဖြင့် စင်ကာပူမှ စုစုစည်းစည်းစေတနာထက်သန်စွာ လှူဒါန်းကြသော မျိုးချစ်မြန်မာများအား ၄င်း၊ဦးသူရ(ဇာဂနာ)ဦးကျော်သူ၊ အန်တီဇီးကွက်၊နှင့် အနုပညာရှင်များအား၎င်း၊ အထူးသဖြင့် ဒုက္ခသည်ကလေးများအား ဟာသဥာဏ်ဖြင့် ပျော်ရွှင်အောင်အပြုံးလေးများ ဖန်တီး ဖျော်ဖြေနေတဲ့ ဦးငှက်ပျော်ကျော်အား၎င်း၊ အလှူငွေများ ကောက်ခံပေးနေကြသော ရုရှားရောက် တပ်မတော်သားများအား၎င်း၊ မြန်မာနိုင်ငံရှိပြည်သူများ ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း။

မေသူပိုင်

22 comments:

  1. I like this part a lot.

    ကျမ အစ်မက က ဒုက္ခသည်တွေအတွက် သူတို့ ဆေးကျောင်းက သူငယ်ချင်းတွေစုပြီး ဆေးဝါးတွေလှူဒါန်းဘို့သွားတာပါ စစ်သားတစ်ချို့လဲ လမ်းရှင်းပြီး သစ်ပင်ခုတ်နေကြပါတယ်။ အစ်မ ပြောပြချက်အရဆိုရင် အဲဒီစစ်သားလေးက ၁၈ နှစ် ၁၉နှစ်လောက်ဘဲရှိပါသေးတယ်။ အဘွားအိုကလဲ အုန်းရွက်လေးတွေနဲ့ ဖြစ်သလိုလေး တဲထဲမှာနေရပါတယ်တဲ့။ တဲကလည်းအဖြစ်ဆောက်ထားတယ် အဘွားအိုကလည်း အိမ်ရှေ့မှာထွက်ပြီး ၀မ်းတွေလျှောနေပြီး နောက်ဆုံးသူ့တဲရှေ့မှာဘဲဝမ်းသွားနေရတယ်။ ဘာမှလဲစားထားဟန်မရှိပါဘူး ။အဲဒါကိုမြန်တဲ့စစ်သားငယ်လေးက သူ့ထမင်းထုပ်ကလေးကို အဖွားအိုကို တစ်ဝက်ခွဲပြီး ကျွေးနေတာကိုတွေ့ရပါတယ်တဲ့ သူ့ထမင်းထုပ်ထဲမှာလဲ အားလူးနှစ်ဖတ်နဲ့ ငရုတ်သီးကြော်ဘဲပါတယ်တဲ့။ ကျမအစ်မ ကလည်း မျက်ရည်အလွန်လွယ်ပါတယ်။ သူပြန်ပြောပြတာကို နားထောင်ပြီး ကျမအတော်လေး စိတ်မကောင်းဖြစ်ရသလို ။ အောက်ခြေ၀န်ထမ်း စစ်သားလေးတွေရဲ့ စာနာစိတ် လူကို လူလို့မြင်တဲ့စိတ် လေးက ဟိုပုလ္လင်ထပ်မှာ ဘီစကစ်စားပြီး အဆီရစ်အာဏာအတွက် ဆန္ဒခံယူပွဲတွေကို လုံးပန်းနေတဲ့ လဒတွေနဲ့များ သေးနဲ့ထောပတ်သလို သာနှိုင်းချင်ပါတယ်။

    ReplyDelete
  2. Yes, MTP really did a good job.

    This post is basically to stand by everyone of Burma except these than shwe, mg aye etc. Together we stand! In unity, we will take the truth out.

    Rather than attacking with each others with various methods, everyone should love with each others. Thus, our country and the people will be free from fear.

    Tea

    ReplyDelete
  3. Thanks for the post. We can see that it comes from the core of the heart.

    ReplyDelete
  4. ရေးသားထားပုံက တကယ်ကိုမျှမျှတတရှိပါတယ်...။ အခုလို ကျွန်တော်တို့ကို အတိုင်းအတာ တစ်ခုအထိ အသိအမှတ်ပြုတဲ့ အတွက်လည်းဝမ်းသာပါတယ်...။ အခုလို အပြုသဘောဆောင်တဲ့ ရေးသားမှုများကို ကြိုဆိုစောင့်မျှော်နေပါတယ် ခင်ဗျာ..။
    BLACK DREAM

    ReplyDelete
  5. Let U Than Shwe read this one!

    ReplyDelete
  6. မေသူရေ....
    Cheers! post အသစ်တွေလဲ
    စောင့်ဖတ်မယ်။ အခုpost လဲ ကောင်းတယ်။

    ReplyDelete
  7. ဟုတ်တယ်.. တပ်မတော်သားတိုင်းမဟုတ်ပါ..
    ဒါပေမဲ့ ဟိုလဒ တစုက ကို ကျန်နေတဲ့ အဖွဲ့က ဖြုတ်ချလိုက်ရင်.. သိပ်ကောင်းမှာပဲ..

    ReplyDelete
  8. Thank You to everyone !!!!
    Chan >>> Thanks for the comment
    Tea>> Thanks again!!!
    Anonymous1>> Yes, those words came from the deepest part of my heart for our ppls
    Black Dearm>>>I Don't Hate Army!! I just hate Some..
    People are people , we should support each others
    Anonymouse2>>> I wish I coudl do that
    Heartmuseum>>> Thanks for ur big hand
    Blogger Tin Nwe maung>>> Thank You too
    Anonymouse3>>that why we should support each others
    Thank You all
    May Thu

    ReplyDelete
  9. Good!
    Every burmese need to know reality like you and we should be unity for our people and our country.

    ReplyDelete
  10. I also met lot of people who are in army but they are different from most of the people thought. Of course we have to think about people who are in needs. Love your neighbor as yourself. We have to put ourself in their shoes and help them out for whatever they are needed. I hope than shwe will know the truth and could handle the best with his power.

    ReplyDelete
  11. cyfpGmpGm cHpm;csufawGudk zwf,if;eJ. rsuf&nfvnfrdygw,f/

    ReplyDelete
  12. မမေသူပိုင်၊
    အရေးကောင်းသလို အတွေးကောင်းလေးတွေနဲ့ဆိုတော့ ဖတ်ရတာ ကောင်းတယ်။ အသိလဲရပါတယ်။
    ကိုတီးရေ အိမ်လေးကတော့ ဆထက်တပိုး တိုးလို့စည်ကားတော့မှာပဲ။ ဆောင်းပါးကောင်းလေးတွေ မျှော်လင့်နေကြောင်းပါ။

    ReplyDelete
  13. Ha ha ha
    "A Ba Thway Toe Mar soe loat lu tway tay tar ma pyaw ye` tay boo."
    I wanna say, Don't worry
    Your A Ba won't care!!!!

    ReplyDelete
  14. Ha ha ha
    "A Ba Thway Toe Mar soe loat lu tway tay tar ma pyaw ye` tay boo."
    I wanna say, Don't worry
    Your A Ba won't care!!!!

    ReplyDelete
  15. ဖတ်ရတာ ကောင်းအောင်ရေးသားထားသော မမေသူပိုင်
    ကို ကျေးဇူးတင်ကါတယ်

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. အောက်ခြေသိမ်းစစ်သားတွေမှ စာနာစိတ်ရှိတာ မဟုတ်ဘူး ထင်ပါတယ်ဗျာ။ ကျနော့်ဆိုဒ်ထဲမှာ လာရေးသားကြတဲ့ ရုရှားရောက် စစ်ဗိုလ်လေးတွေဟာ ကျနော်တို့ လိုဘဲ အသဲနလုံးနဲ့ လူသားချင်း စာနာစိတ် ရှိကြပါတယ်။ လူမဆန်တဲ့ စစ်သားတွေ လဲရှိပါတယ်။ အားလုံးကို သိမ်းကျုံးပြောလို့ မရပါဘူး။ စစ်သားလဲ မိသားစုနဲ့ ပါဘဲ။ သူတို့ အမျိုးတွေတောင် ဒုက်ခသည်ထဲ မှာ ပါနိုင်တယ် မဟုတ်လား။ ဘယ်သူ ဘယ်လို ဘာဘဲ ဖြစ်ဖြစ် အခုအချိန်မှာ လူသားတွေရဲ့ အသက်ကို ကယ်ဖို့  အလျှူငွေ ကောက်နိုင်တဲ့ အခွင့်ရေးရှိတဲ့ ပြည်ပရောက် မြန်မာ(တိုင်းရင်းသားပါ အပါအ၀င်) တတ်နိုင်သလောက် အလျှူငွေ ထပ်မံရရှိရေးကို တတ်နိုင်ကြိုးစားပေးကြပါ ပြည်တွင်းမှာ ရှိတဲ့ သူများ အနေဖြင့်လည်း သွားရောက် ကူညီပေးကြပါလို့  ကျနော် အနုးအညွှတ် တောင်းဆိုချင်ပါတယ်။ ကျနော်လည်း အလျှူငွေ ရရှိရေးအတွက် တတ်နိုင်သရွှေ့ ကြိုးစား နေပါတယ်။ အားလုံးကို ကျေးဇူးတင်စွာဖြင့်
    ဂျေ Jay

    ReplyDelete
  19. မမေသူရေ ပိုစ်လေးကအဓိပ္ပာယ်လဲရှိတန်းဖိုးလဲရှိပါတယ်။ လေးစားပါတယ်။

    ReplyDelete
  20. ပိုစ်လေးကအဓိပ္ပာယ်လဲရှိတန်းဖိုးလဲရှိပါတယ်။ ဖတ်လို.လည်းအလွန်ကောင်းသည်၊၊

    ReplyDelete
  21. Ma May Thu Paing,

    I do appreciate it.

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။