Friday, May 9, 2008









အားလုံးပဲ မြင်ကြတဲ့ အတိုင်း ဒီလို ဓာတ်ပုံတွေကို မြင်လိုက်တိုင်း စိတ်မကောင်း အရမ်းဖြစ်မိတယ်။ သေနေလိုက် ကြတဲ့သူတွေ၊ တန်းစီတန်းစီ ပြီး ဒီလိုမျိုးပဲ ရေတွေပေါ်မှာ ဘောလော ပေါ်နေကြတာ။ မြေကြီးပေါ်မှာ ပြန့်ကျဲနေကြတာ။ အလောင်းတွေကို မီးရှို့ဖို့ Gas မရှိဘူး။ မြုပ်လည်း မမြုပ် နိုင်တော့ဘူး။ သူတို့က ရက်စက်စွာ မြစ်ထဲ မျှောနေတယ်တဲ့။ အဖြစ်အပျက်က ဆိုးပါတယ်။

တစ်ချို့လူတွေ ၀တ်စရာ မရှိဘူးပေါ့ဗျာ။ တစ်ဝက်တစ်ပျက်တွေ ၀တ်ပြီး နေကြတဲ့သူတွေ၊ အပေါ်ပိုင်း ဘာမှ မ၀တ်ထားတဲ့ သူတွေ၊ ကလေးတွေ၊ မြန်မာပြည်က အဓိက ဆန်စပါးထွက်တဲ့ နေရာတွေလည်း အခုဆိုရင် ကယ်ဆယ်ပေးဖို့ စောင့်ဆိုင်းနေရတဲ့ နေရာတွေဖြစ်ကုန်ပြီ။ မြစ်တွေထဲ မှာတော့ အလောင်းတွေ ဒီအတိုင်း ပေါ်နေတာ မြင်နေရတဲ့ သူတွေကတောင် ရိုးနေလောက်ပြီ။ လူတစ်ယောက်က ပြောတယ်၊ သူ့မိသားစု ၁၁ယောက်ရှိတာ သူတစ်ယောက်ပဲ ကျန်ပါတယ်တဲ့။ လူတွေလည်း အားလုံး ဗြောင်းဆန် နေကြတယ်လေ။

တစ်ခါမှလည်း မကြုံဖူးဘူး ဆိုတော့။ လူတစ်သိန်းကျော် သေဆုံးပြီး သွားပါပြီ။ ဒါတောင် များလှစွာသော လူတွေ ပျောက်ဆုံး နေဆဲ။ သန်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေဆဲပါ။ အဆမတန် တက်နေတဲ့ ကုန်ဈေးနှုန်းတွေ၊ ရေမရှိ မီးမရှိ ဘ၀တွေမှာ ရှင်သန် နေကြရတယ်။ သန့်ရှင်းသော သောက်သုံးရေ တွေ မရှိတော့ ရောဂါတွေ ရလာကြတယ်။ ပိုပို ပြီးဆိုးဝါး လာတယ်။ တစ်ချို့မြို့တွေဆိုလည်း မုန်တိုင်းကြောင့် ဆက်သွယ်ရေး စနစ်တွေ အားလုံး ပျက်တောက်သွားတယ်။ ဘုရားတွေ စေတီတွေ ပုထိုးတွေ အားလုံး ပြိုလဲသွားတယ်။ ပြတင်းပေါက်တွေကွဲ။ ခေါင်မိုးတွေလန်။ အကုန် ပြုတ်ထွက်။

အကူအညီတွေ ကလည်း အချိန်မှီ မရောက်လာကြဘူး။ စစ်အစိုးရက အခုထိ အပြည်ပြည်ဆိုင်ရာ မှ အထောက်အကူ အဖွဲ့တွေကို ပေးမ၀င်သေးဘူး။ UN Security Council မှာ ဗုဒဟူးနေ့က နယူးယောက်မှာ အစည်း အဝေး လုပ်တုန်းက ပြင်သစ်ကနေ ဒီလိုဘဲ မြန်မာပြည်ထဲ ခွင့်မတောင်း တော့ဘဲ ၀င်ကြပြီး ကယ်ကြဖို့ အကြံ ပေးရာမှာ တရုတ်၊ ရုရှား၊ တောင် အာဖရိက နှင့် ဗီယန်နမ် နိုင်ငံတို့က ကန့်ကွက် လိုက်ပါတယ်။ ထုံးစံ အတိုင်း စစ်အစိုးရရဲ့ ဘိုးအေ တွေက လုပ်ချ လိုက်ပြန်ပြီလေ။

မြန်မာပြည်က နိုင်ငံခြားသတင်းထောက် တစ်ယေက်ကပြောပါတယ်။ ဟာသပေါ့ဗျာ - မြန်မာပြည်မှာ ဆုံးဖြတ်ချက်တွေ အားလုံးကို ချနေတာ လူသုံးယောက်ပဲ ရှိပါတယ်တဲ့။ စစ်ခေါင်းဆောင် ကြီးရယ်၊ နောက် တစ်ယောက်က သူ့ရဲ့ ဗေဒင် ဆရာကြီး ပါတယ့်လေ။

သန့်ရှင်းရေး တွေတော့ လူတွေ၊ ဘုန်းတော်ကြီးတွေပဲ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ရှင်း နေကြတယ်လို့ သိရှိ ရပါတယ်။ အိမ်မှာရှိတဲ့ တုတ်တွေ ဓားတွေ ကိုင်ဆောင်ပြီး ရှင်းနေကြရတာပေါ့။ လူထုဦးစိန်ဝင်းကတော့ ပြောတယ်။ ဆိုင်းဘုတ်လေး တစ်ခု၊ ပိုစတာလေး တစ်ခုလောက်ကိုင်ပြီး အစိုးရကို ဆန္ဒပြတော့ မယ်ဆိုရင် စစ်ကားတွေ စစ်သားတွေ ဒါဇင်လိုက်ချီပြီး ရောက်လာကြတယ်။ အခုလို အချိန်တော့ အားလုံး ပျောက်နေ ပါတယ်တဲ့။ သူတို့ကတော့ လိုအပ်တဲ့ ထင်းတွေကိုတော့ လမ်းမကြီး တွေကနေ ခုတ်ယူသွားပါတယ်။

အရမ်းကို မုန်တိုင်းကိစ္စ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်တို့ ကျောင်းမှာလည်း မြန်မာတွေ တတ်နိုင် သလောက် လှူဖို့ ပိုက်ဆံကောက်နေကြပါတယ်။ ပြီးရင် မြန်မာပြည်က ဒုက္ခရောက် နေသူတွေကို အထိရောက်ဆုံး နည်းလမ်း နှင့် ပို့သွားဖို့ စီစဉ်နေပါတယ်။


ငြိမ်းချမ်းပါစေသား။
Tea

မှတ်ချက်။ ဤပိုစ့်အတွက် ဓာတ်ပုံတွေ ပေးပို့ပေးသော မမေသူပိုင်ကို ကျေးဇူးတင်ရှိပါသည်။ သတင်း တစ်ချို့ကို စန်ဖရန် သတင်းစာမှ ကောက်နှုတ်ထားပါသည်။

16 comments:

  1. ကိုတီးရေ. စစ်သားတွေ တကယ်ကူညီပေးနေတာတောင် သတင်းသမားတွေက အဲဒီနေရာတွေကို ရှောင်ပြီး ဓါတ်ပုံရိုက်ကြဦးမှာပါ။ အခုလို နေရာတကာမှာ ကူညီနေလို့ မရှောင်နိုင် ဓါတ်ပုံထဲမှာပါလာတော့လည်း နည်းနည်းလေး၊ လူကြီးလာပြီးရင် ပြန်သွားကြရော အဲဒီလိုဆိုကြပြန်တယ်။ ဒီမုန်တိုင်းခံ ဒေသတွေမှာ စစ်သားတွေရဲ့  မိသားစုတွေမပါကြတော့ဘူးလား။ ခိုကိုးရာမဲဖြစ်နေတဲ့၊ ဦးစီးဦးဆောင်မရှိဖြစ်နေတဲ့ ၊ တပ်မတော်မှာ အမှုထမ်းနေတဲ့ သား ပြန်လာပြီး ကူညီနိုင်မလားလို့ စောင့်နေတဲ့ မိခင်အို ဖခင်အိုတွေနဲ့ မိသားစုတွေ အတွက် မကူညီနိုင်ပဲ တာဝန်ကျရာမှာ ကူညီပေးနေကြရတဲ့ စစ်သားတွေကို လဲ ကိုယ်ချင်းစာပေးကြစေချင်ပါတယ်။ ဘာပဲပြောပြော အားလုံးအတွက် စိတ်မကောင်းပါဘူး။ စိတ်ရော လူပါ ကူညီပေးချင်နေပါတယ်။ သတင်းဓါတ်ပုံတွေ အတွက်ကျေးဇူးတင်ပါတယ်။ မကြည့်တောင် မကြည့်ရက်တော့ပါဘူး။

    ReplyDelete
  2. I don't know how to describe about how i feel to that tragic disaster as it's seen sooooo sad. To look at those pictures it does make me tears in my eyes.

    I am trying to rise the money myself at my Uni too that I will soon to be contact with NGO back Burma to send the money as quickly as it can.

    Thanks for the posts, Tea.

    With biggest Sympathy.,
    Soe Mya Nandar Thet Lwin

    ReplyDelete
  3. ကိုနတ်ရှင်နောင်ရေ.. အစ်ကိုပြောတာ နားလည်ပါတယ်.. ကျွန်တော်က စန်ဖရန်သတင်းစာက တစ်ချို့ ကို ဘာသာ ပြန်ထားပေးတာပါ။ ကျွန်တော့် အမြင် မဟုတ်ပါဘူး.. သူတို့ပြောတာတွေပါ။ အဲ့ဒီစကားတွေက လူထု စိန်ဝင်းပြောသွားတာကို ပြန်ဖော်ပြထားခြင်းပါ။

    Tea

    ReplyDelete
  4. WHATT

    SOOOO ..... I am speechless..

    ReplyDelete
  5. ဆိုးလိုက်ချည့်လားကွယ် ကြည့်တောင် မကြည့်နိုင်တော့ဘူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

    ReplyDelete
  6. အင်းမြင်မကောင်းလောက်အောင်ပါလား ကိုတီးရေ အင်းဗျာ ကျနော်တို့ပြည်သူတွေလည်း ဘယ်တော့မှ ဒီဒုက္ခတွေနဲ့ လွတ်ရမလဲမသိတော့ဘူးဗျာ တွေးကြည့်ရင် ရင်လေးစရာတွေပါပဲဗျာ

    ReplyDelete
  7. ကိုနတ်ရှင်နှောင်းေ၇း အခြေခံလူတန်းစားတွေဘ၀က အားလုံးက အတူတူပါဘဲ၊အစိုးရ၀န်ထမ်းတစ်ယောက်ရဲ့ဘ၀ကိုကျမတို့နားလည်ပေးနိုင်ပါတယ်ကျမဖေဖေကိုယ်တိုင်လဲစစ်မှုထမ်းတစ်ယောက်ပါ၊ ဒါပေမယ့်ကျမတို့တွေ မုန်းတီးပြီးရည်ညွန်းနေတာဘယ်လိုစစ်သားဘယ်လို ခေါင်းဆောင်တွေဆိုတာထွေးထွေထူးထူးရှင်းပြနေစရာမလိုတော့ပါဘူး
    ဒါပေမယ့်အစိုးရရဲ့ ဂတုံးပေါ်ထိပ်ကွက် တဲ့လုပ်ရက်အတွက် မြန်မာလူမျိုးမြန်မာပြည်သားတစ်ယောက်အနေနဲ့ကျမတို့တွေ ဒေါသကိုနားလည်စေချင်ပါတယ်။ကိုနတ်ရှင်နောင်တို့မိခင်အဖွဲ့အစည်းဖြစ်တပ်စစ်တပ်ကိုထိလို့နာတယ်ဆိုရင်လဲနာနိုင်ပါတယ်အဲဒီအတွက်လဲနားလည်ပေးနိုင်ပါတယ် ကိုနတ်ရှင်နောင်းလိုပခုံးပေါ်မှာအလွန်ဆုံးရှိလှအပွင့်သုံးပွင့်စစ်ဗိုလ်တစ်ယောက်ကိုကျမ အနေနဲ့အတိုက်အခံပြောနေစရာအကြောင်းမရှိပါဘူးသို့သော်မိုက်ရိုင်းပြီးလူစိတ်မရှိဂတုံးပေါ်ထိပ်ကွက်နေတဲ့ခေါင်းဆောင်တွေအပေါ်မှာကျမတို့တွေအမြင်မကြည့်တာကိုလဲ ကိုနတ်ရှင်နောင်းတို့နားလည်နိုင်ကြပါစေ။ကျမတို့နိုင်ငံမှာကြီးနိုင်ငယ်ညှင်းလုပ်နေတယ်ဆိုတာ ထွေးထွေထူးထူးလဲရှင်းပြစရာလိုမယ်မထင်ပါ ကိုနတ်ရှင်နောင်းလဲ အဲဒီခံစားချက်မျိုးမလွှဲမသေခံစားဖူးမှာပါ

    ReplyDelete
  8. အစက ဓါတ်ပုံထဲမှာ ပါတဲ့ စစ်သားတွေ ဘာ့ကြောင့် သစ်ပင်တပင်ထဲကို လူ ၃၀လောက်က ဓါးမနဲ့ ခုတ်နေရသလဲ ဆိုတာ အခုမှ ရှင်းသွားတော့တယ်
    မီးမလာလို့ မီးစိုက်ဖို့ လုခုတ်နေတာ ကိုး

    ReplyDelete
  9. ဟုတ်မှာပါဗျာ ကိုနတ်သျှင်နောင်ရေ စစ်သားတွေက မကြည့်ရက်လို့ လုံးဝမကြည့်တာ မသွားတာ ဒါ့ကြောင့်စစ်သား တွေ ကို မမြင်ရတာကိုး။ ဘယ်လောက်ထိ စိတ်မကောင်းဖြစ်သလဲဆိုတာ ကြည့်ရက်တဲ့သူ ကယ်တင်မဲ့သူတွေကိုတောင် ပေးမကယ်ဘူးဆို တဲ့ စေတနာ တွေ ... သွပ်သွပ်သွပ်

    ReplyDelete
  10. တချို့ ဆို ၀တ်စရာမရှိလို့ တောင် လူသေ ဆီက အ၀တ်ချွတ်ဝတ်ရတာ မင်းတို့ က ရိုက်သတ်ဖို့ အားမကုန်တော့လို့ မင်းတို့  သတ်ဖို့ သက်သာတာပေါ့ကွာ များများသေ ဖို့ အကူညီပေးတဲ့ သူတွေကို ပေးမ၀င်တာကိုး တကဲ့စစ်သားတွေပါဘဲ တော်လှပါပေရဲ့ ဥာဏ်ကြီးရှင်တို့ လူများများသေနိုင်အောင် ကြိုးစားနိုင်ပါပေတယ်

    ReplyDelete
  11. beyond dejection.. bar tea yay...

    ReplyDelete
  12. ကိုတီးရေ--
    အလည်လာသွားတယ်ဗျာ--ကိုတီးရဲ့ရက်စက်လိုက်တာနာဂစ်ရာ
    ဆိုတဲ့post ကိုဖတ်ြပီး ဓာတ်ပံုေတွကိုြမင်လိုက်ရေတာ့ကျေနာ်ေတာ်ေတာ်
    ေလးခံစားရတယ်ဗျာ--အံုးလက်ေတွဂျားက ကေလးေတွကိုြမင်ရတာ ကိုယ်ကိုယ်တိုင််ြဖစ်ေနသလုိခံစားရတယ်ဗျာ--
    စိတ်မေကာင်းလိုက်တာ ကိုတီးရာ---
    သွားအံုးမယ်ဗျိ့ ့-----တီးေသာက်သွားတယ်ေနာ်
    စာကလဲရေးရခကျလိုကျတာ

    ReplyDelete
  13. ကိုနတ်ရှင်နောင်ပြောတာမှန်ပါတယ်...ကျနော်တို့အားလုံးက ဆန့်ကျင်နေကြတာလဲ စစ်သားတွေကိုမဟုတ်ပါဘူး စစ်အစိုးရကိုပါ..။ဓါတ်ပုံတွေကိုမြင်တိုင်း ကျနော်တို့တစ်ခုခု လုပ်ဖို့လိုတယ်ဆိုတာကို အသိပေးနေသလို ခံစားရပါတယ်။

    ReplyDelete
  14. so sad :(
    feeling ashamed on our Government..
    I feel so terrible by the way our G is handling this disaster things
    they r really heartless..

    ReplyDelete
  15. အရမ်းစိတ်ဆင်းရဲရတယ်..ဒီသတင်း..ဒီဓါတ်ပုံတွေမြင်တိုင်း..မျက်ရည်ဝဲခဲ့ ရတဲ့ ..နေ့ ရက်တွေလည်းများနေပါပြီ..

    ReplyDelete
  16. စိတ်မကောင်းတာကတော့ထပ်တူထပ်မျှပါဘဲ

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။