
ဟုတ်ကဲ့ဗျာ။ ကျွန်တော်တို့ကို ယမန်နေ့က US Campaign for Burma ကနေ Email တစ်စောင်ပို့ပါတယ်။ ဘာအတွက်လဲဆိုတော့ US Senate ကို Email တွေပို့ဖို့ပါ။ မနေ့က ဒေါ်အောင်ဆန်စုကြည်ကို ဤမျှ အရေးပါသော ဆုတစ်ခု ပေးရန်အတွက် House of Representative ကနေ မဲပေးရာမှာ (၄၀၀-၀) ဖြင့် အခိုင်အမာ ခိုင်မာပြီးနောက်တွင်
Senate ရဲ့ ၃ပုံ ၂ပုံ ခန့် သဘောတူညီမှု ကို ရယူရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဤ ၃ပုံ ၂ပုံခန့်သည် သဘောတူညီလိုက်ပြီဖြစ်သည့် အတွက် ကျွန်တော်တို့၏ အလေးထား ချစ်ခင် မြတ်နိုး ဂုဏ်ယူ ရသော တိုင်းပြည်၏ မိခင် ဒေါ်အောင်ဆန်းစုကြည် သည် US Congressinoal Gold Medal ဆု ကို ရယူပိုင်ဆိုင်သွားပြီ ဖြစ်ပါသည်။ လူပေါင်း ထောင်ကျော်ကနေ မနေ့ကရော ဒီကနေ့ရော Email တွေ အဆက်မပြတ် ပို့ခဲ့ကြပါသည်။ များလှစွာသော ထောက်ခံအားပေး သူတွေကလည်း US Senators ကို ထောက်ခံပေးဖို့ တောင်းဆိုခဲ့ကြပါသည်။ ဒါကြောင့် ဒီကနေ့မှာဘဲ Senate ကနေ မဲပေးပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါသည်။
About Congressional Goal Medal
ဤဆုသည် သက်တန်း ၂၃၂ နှစ် ရှိပြီ ဖြစ်သည့် သမိုင်းကြောင်း နှင့် မားမားမတ်မတ် ရပ်တည်နေသော အင်မတန်မှ ဂုဏ်ယူစရာကောင်း သည့် ဆုတစ်မျိုးဖြစ်ပါသည်။ သမိုင်းကြောင်း တစ်လျှောက် ပေးအပ်ခံခဲ့ရသော ပုဂ္ဂိုလ်များကို ကြည့်ရှုလိုက်လျှင် George Washington, Matin Luther King Jr., Mother Theresa, Andrew Jackson အစရှိသည့် သမိုင်းကြောင်း တစ်လျှောက် အောင်မြင်ကျော်ကြား ခဲ့သော နိုင်ငံတကာ ၏ အထင်ကရ ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ တစ်နှစ်တွင် ဤဆုမျိုး တစ်ဆု သို့မဟုတ် အများဆုံး နှစ်ဆု သာ Congress မှ ပေးအပ်လေ့ရှိပါသည်။ ဆုရယူပိုင်ဆိုင် ရန် အတွက် အမေရိကန်နိုင်ငံသား ဖြစ်ရန်မလိုပါ။ ဤဆုသည် US Congress ၏ အလွန်လေးစား အားထားရပြီး အမြင့်မြတ်ဆုံးသော ဆုတစ်ခု ဖြစ်ပါသည်။ များလှစွာသော စည်းမျဉ်းစည်းကမ်း တွေနှင့် လိုအပ်ချက်တွေနှင့်လည်း ပြည့်စုံနေရမည်ဖြစ်သည်။
ယခု ဒေါ်အောင်ဆန်းစုကြည် အတွက် အထက်ပါဆု ပေးအပ်ရန်အတွက် အစဖော်ပြီး အကြံပေး ကြိုးစားခဲ့သူ Congressman Joseph Crowley (D-NY) နှင့် သူနှင့်အတူ အားထုတ်ခဲ့သော Congressman Don Manzullo (R-IL)၊ သူနှင့်အတူ US Senate မှ ထောက်ခံအားပေး အားထုတ်ခဲ့သော Senators Dianne Feinstein (D-CA) နှင့် McConnell (R-KY) တို့အား ကျွန်တော်တို့အားလုံးမှ အထူး ကျေးဇူး တင်ရှိ သင့် ပါသည်။
အခုလို နှစ်ပေါင်းများစွာ ဖမ်းဆီးခံရပြီး နောက်တွင် သူမသည် မြန်မာလူမျိုးများတွင် သာမက ကမ္ဘာတစ်လွှမ်းတွင် ပါ မြတ်နိုးလေးစား ရသော သမိုင်း တစ်ခု၏ ပုဂ္ဂိုလ်ထူး တစ်ယောက်ဖြစ်ပါသည်။ သူမ၏ ကြိုးစားမှုတွေ တိုင်းပြည်နှင့်လူမျိုးအတွက် အနစ်နာခံ ပေးဆပ်မှုတွေကို မြန်မာကပါမက ကမ္ဘာကပါ အလေးထား နေပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ အတွက် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ပြီး ရပ်တည်နေ မည် မှာ မပြောင်း လဲ သော သူမ၏ ခံယူချက်တစ်ခု ဖြစ်ပါသည်။
မြန်မာနိုင်ငံကြီး အမြန်ဆုံး လွတ်လပ်ပါစေသတည်း။
Tea
ကြားရတဲ့သတင်း အတွက် အရမ်းဝမ်းသာ ဂုဏ်ယူ မိပါတယ် ကျွန်တော်လဲ မေးလ်ပို့ လိုက် သေးသဗျ..။
ReplyDeleteCongrats!!!!!!!!!!!!!!!!!
ReplyDeleteအသဲလှုပ်လှုပ်
ReplyDeleteရင်ဒုတ်ဒုတ်ဖြင့်
ငုတ်တုတ် မျက်ရည် ၀ဲရ၏။
သင်ကာ