Thursday, April 17, 2008

ကြောက်စရာကောင်းသော သေဆုံးမှုများ - အမှတ် ၁

ကြိုတော့သတိပေးထားပါဦးမယ်
ဤပိုစ့်ကို ဖတ်မယ် လေ့လာမယ်ဆိုလို့ရှိရင် သတ္တိကောင်းကောင်း နဲ့လေ့လာ ဖတ်ရှုရပါမယ်။ မကြောက် မရွှံ့ တတ်ရပါမယ်။ တစ်ချို့ သော ဓာတ်ပုံတွေက တော်တော်လေးကို ဆိုးဝါးပါတယ်။ ကျွန်တော်က တော့ သူငယ်ချင်းတစ်ယောက် ပြလို့ မြင်ဖူးတာပါ။ အားလုံးနဲ့ ဖလှယ် နှီးနှော လို့ ရအောင် ပြန်ရှဲ တာပါ။
အခု "ကြောက်စရာကောင်းသော သေဆုံးမှုများ - အမှတ် ၁" မှာ သေဆုံးမှု ၂ ခု ပါပါသည်။
သူတို့ကတော့ -
၁။ တော်တော်ဆိုးတဲ့ကျား နှင့်
၂။ လန်ခရူဇာ ကား၏ အဖြစ်ဆိုးပုံ တို့ပဲဖြစ်ပါတယ်။


1. တော်တော်ဆိုးတဲ့ ကျား

အင်း - ဘာရယ်ညာရယ်တော့ မဟုတ်ဘူး။ လှောင်အိမ်ထဲကနေ ကျားက ကိုင်ပလိုက်တာ။ ကောင်လေးခမျာ မျက်နှာတောင် အကောင်းမကျန်ပါဘူး။ ခေါင်းကို ဆွဲလိုက်တာဖြစ်ပါတယ်။ ကောင်လေးက ကျားကို ဘာများ မျက်စိ ဆူးအောင်သွားလုပ် ပြ လည်း မသိပါ။ ကျားကတော့ ဒင်း လာလေရော့ ဆိုပြီး အရှင်လတ်လတ် ဆွဲစိ လိုက်တာ ဖြစ်ပါတယ်။ ကျားက တိရိစ္စာန်ရုံ တစ်ရုံထဲက လှောင်အိမ်ထဲက ကျားပါ။ ကျားက လူကို ကိုက်လိုက်တုန်းက လည်ပင်း ကို ထိသွားတယ် ထင်ပါတယ်။ ကဲ - ဒီလူ ဘယ်လောက်တောင်

ကဲပြီး ကျားလှောင်အိမ်နားကို ရဲရဲတင်းတင်း နဲ့ သွားကပ်လည်းတော့

မသိဘူး။ ကျားတောင် လှောင်အိမ်ထဲက နေ ကိုက်လို့ရပါတယ် ဆိုမှတော့ ၊ စဉ်းသာ စဉ်းစားကြည့်ပေတော့ဗျို့။
ကိုကိုတို့ မမတို့ ညီ၊ ညီမတို့ တစ်တွေလည်း နောင်အခါ ကျားသွားကြည့်ရင် ဝေးဝေးမှနေပြီး ကြည့်ပေးကြပါရန် နှင့် ကျားအား သွားပြီး မျက်စိ ဆူးအောင် မနောက်ကြပါကုန်။ :) ဓာတ်ပုံများကိုလည်း ရှုစားကြပါကုန်။









2. လန်ခရူဇာ ကား၏ အဖြစ်ဆိုးပုံ


လန်ခရူဇာ ကား အဖြစ်ဆိုးပုံ များ တော်တော်ဆိုးပါပေတယ်။ ဟိုင်းဝေးလမ်းမပေါ်မှာ လမ်းချော်သွားပြီး တစ်ဖက် ဆန့်ကျင်ဘက်လမ်းက ကွန်တင်နာ ကုန်ကား ကို ၀င်ကြုံးတာဖြစ်ပါတယ်။ ကုန်တင်နာကြီးက လည်း သူ့အရှိန်နဲ့ ရှိနေတာဆိုတော့ ရှောင်ဖို့ အချိန်မမှီလိုက်ရှာပါဘူး။ လန်ခရူဇာ ခင်မျာ တစ်ဝက်ကျော်တိတိထိ အကြုံးခံရပြီး နောက် မွမွကြေသွားပါတယ်။ ကျန်တဲ့တစ်ဝက်ကလည်း ရစရာမရှိတော့ပါ။ အကြိတ်ခံလိုက်ရသော အပိုင်းမှာဆိုရင် ဖြင့် သွားသာ ကြည့်ပါပေတော့ဗျာ။ ကားတောင် အဲ့ဒီလောက် အခြေအနေဆိုးနေရင် - ကဲ.. အထဲမှာ ရှိတဲ့ လူကို မှန်းသာမှန်းကြည့်ပါတော့ သူငယ်ချင်းတို့ရေ။ တော်သေးလို့ လူက တစ်ယောက်ထဲရှိလို့။ သေလားရှင်လား မမေးနဲ့ဦး။ သူ့ခင်မျာ ဘယ်သူဘယ်ဝါမှန်း မသိရအောင် ရုပ်တောင် ပေါ်တော့ဘူးဗျာ။ ကျန်ရှိနေတဲ့ ကိုယ်လုံးကလည်း သနားပါတယ်။ နှစ်ပိုင်း တိတိ ပြတ်သွားရှာတယ်။ ခြေထောက်နှစ်ချောင်းနှင့် အောက်ပိုင်းက တစ်ပိုင်း၊ ကျန်တာကတစ်ပိုင်း။ တော်တော်ဆိုးပါတယ်။ မျက်နှာကလည်း ရစရာမရှိအောင်ကို ပျက်စီးသွားပါတယ်။ သွေးတွေ ရှဲရှဲ ထွက်ပြီး အကြောတွေပါ နှစ်ပိုင်းပြတ်သွားတဲ့ပုံမှာ မြင်နေရတော့ ကြက်သိန်းတွေ ဖြန်းဖြန်ထမိပါတယ်။
အားလုံးဘဲ ဟိုင်းဝေးလမ်းမတွေမှာ ကားမောင်းရင် ကိုယ့်အရှိန်ကို ကိုယ်နိုင်အောင် ထိန်းပါ။ အိမ်မငိုက်ပါနှင့်။ သတိလက်လွတ် မဖြစ်ပါစေနှင့်။ လမ်းချော်ရင် ဒုက္ခရောက်သွားပါမယ်။ အရှိန်ပြင်းပြင်း ဆိုလျှင် ပိုပြီး သတိလေးနှင့် မောင်းရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို လည်း ရှုစားလိုက်ပါကုန်။










အားလုံးဘဲ ဘေး အန္တာရယ် ကင်းရှင်းပြီး ကျန်းမာ ချမ်းသာကြပါစေ။
Tea


သတိပြုရန်

ကြိုတင်သတိပေးထားရဲ့ နှင့် ကိုယ့်ဘာသာကိုယ် ကြည့်ကြသော တယ်ရင်း အပေါင်းတို့ အား Tea ကို ခွင့်လွှတ်ကြပါကုန်။ မုန့်ဝယ်ကျွေးကြပါကုန်။ ဟဲဟဲ။

အမှတ် - ၂ (မကြာမည် လာမည်။ မျှော်)


11 comments:

  1. ဘုရားရေ
    တော်ပီ နာတိရိစ္စာန်ရုံသွားတော့ဝူး
    လန်ခရူဇို လဲ စီးတော့ဝူး
    မီးမီးကြောက်ကြောက်

    ReplyDelete
  2. Di nya daw 8 lote ya daw mar hote bu :P ta kal byar car accident ka taw taw kyawk bo kg tal...

    ReplyDelete
  3. လုပ်ပြန်ပီ။ ဟိုတစ်ခါတုန်းက လည်း တီကောင်တွေနဲ့ မုန့်တွေ။ အခုလည်း - ကားမမောင်းချင်အောင်လုပ်ပြီ။ ကြောက်စရာကြီးတွေနော်။ လျှာရှည်တဲ့နာ။ သွားကြည့်တာကို။ တိန်။

    ReplyDelete
  4. အဲဒီပုံတွေကို ဆိုက်ဒ်တစ်မှာ တွေ့ဖူးပါတယ်။ နယ်သာလန်က တင်တဲ့ဆိုက်ဒ်လို့ ထင်ပါတယ်။
    မနှစ်ကတည်းကပဲ ဘလော်ဂါကောင်မလေးတစ်ရောက်က ညွှန်းလို့ သွားကြည့်ကြဖူးပါတယ်။

    မနှစ်ကတည်းကပဲ ဘလော်ဂါကောင်မလေးတစ်ရောက်က ညွှန်းလို့ သွားကြည့်ကြဖူးပါတယ်။

    မကြည့်လိုသူတွေ မကြည့်ဖြစ်အောင် အထူး သတိပေ့းချက်၊ အသိပေးချက်ကလေးတော့ သေချာထည့်ပေးပါဗျို့

    ReplyDelete
  5. ကိုတီးရေ - ပို့စ်ဖတ်မလို့လာတာပဲ။ ဒါပေမယ့်သတိပေးချက်နဲ့ ပို့စ်အစပိုင်းကိုဖတ်ပြီးစိတ်ပူတာနဲ့ ကွန်မန့်ကိုအရင်ဖတ်လိုက်တော့ ဓါတ်ပုံတွေမကြည့်ရဲတော့ဘူး။ သံစဉ်ကအဲဒါမျိုးတွေမရဘူးလေ။ နောက်ပုံကောင်းကောင်းလေးတွေကျမှဘဲ တ၀ကြီးကြည့်တော့မယ်။ (^_^;)

    ReplyDelete
  6. :) i already warned in the start, thinker.

    melody.. the tiger one is not too scary but the car one is. if u can't stand against these things, don't do it.

    ReplyDelete
  7. photo dwae ga tot lann del byar..d htat po kg tae photo dwae htat ya yin lal tin pay ber own..TC player ta yauk a nay nae arr pay nay ber del byar
    Hopelessloser(511863)

    ZionJune(518142)

    ReplyDelete
  8. အင်း..အဖြစ်ဆိုးလိုက်တာ..သေတာတောင်ရိုးရိုးသေလိုမရဘူး.. အခုမှတော.ကောင်းရာသုဂတိလားပါစေလို.ဘဲဆုတောင်းရမှာပါဘဲ။ ဒီလိုအဖြစ်ဆိုးမျိုးနဲ. ဘယ်သက်ရှိသတ်တ၀ါမှ မကြုံကြပါစေနဲ.။

    ReplyDelete
  9. ကြည့်ပြီးရင်တွေတောင် ခုန်တယ် . . နောက်မကြည့်တော့ဘူး . .. ဘုရားဘုရား . . .

    ReplyDelete
  10. it was not landcruiser .I think light wagon of Ranult or other company made car.sure that it was not Toyota made.

    ReplyDelete
  11. ကြည့်နေရင်း ကြောက်လို့ သေးတောင်ထွက်ကျတယ်.....

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။