Sunday, April 27, 2008

က - ကလေးငယ် ချစ်စဖွယ်

တစ်ချို့သူတွေက ကျွန်တော့်ကို ပြောတယ်။ အထူးအဆန်းတွေ လန့်စရာတွေပဲ ရှိပါသလားတဲ့။ ကျွန်တော်က ဒါမျိုးလာစမ်းလို့ ဘယ်ရမလဲ ဆိုပြီး ချစ်စရာတီတာတာ လေးတွေလည်း ရှိပါ့ ဆိုပြီး ဖြေလိုက်တယ်။ ဒီတစ်ခါတော့ လက်တွေ့ပြမယ် ဆိုပြီး က - ကလေးငယ် ချစ်စဖွယ် လေးတွေကို စီတန်းပြီး တင်ပြလိုက်ရပါတယ်။ ဒီကလေး တွေအားလုံးက ကျွန်တော့် ဘလော့ခ်မှာ ရှိတယ့် ဘယ်ဘက် widget အောက်ဆုံးနားက ဘလောခ့်ဂါ လစ့်ထဲမှ ကိုကြီး မကြီးတို့၏ ငယ်ငယ်တုံးက ပုံများအား တင်ထားခြင်းလို့ ယူဆပါမယ်။ ဒါကြောင့် ကျွန်တော် ကလေးများကို နာမည်တွေပေး မှာဖြစ်ပါတယ်။ :) အားလုံးထဲ မှာ ကျွန်တော် အချစ်ဆုံး ကလေးငယ်ကတော့ ဟိုးအောက်ဆုံးက ဖရဲသီး အား အားရပါးရကိုက်စားနေသော ကိုမော်စီ ဖြစ်ပါသည်။ စုစုပေါင်း ဘလောခ့်ဂါ ၁၂ ယောက်ပါဝင် သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။


၁။ ပန်းရောင်ဦးထုပ်လေး နှင့် ချောင်းကြည့်နေတဲ့ ကောင်မလေးကတော့ မြန်မာပြည်ကို လွမ်းပါတယ် ဆိုတဲ့ မမေ ပဲဖြစ်ပါတယ်။ ချိုချဉ် ကျွေးမယ်ဆိုပြီး မမေ ကို မျှားခေါ်လာတာ။ မမေ ချောင်းကြည့်နေတုံး - ကင်မရာ ရိုက်ပလိုက်တာ ဖြစ်ပါတယ်။

၂။ သူကတော့ နွားအရေခွံ လေးဝတ်ပြီး အတွေးကမ္ဘာထဲ ပျော်မြူးနေတဲ့ Apprenticeship ပဲ ဖြစ်ပါတယ်။ ပြုံးလို့ ဖြီးလို့ပေါ့ဗျာ။ ဘာတွေစဉ်းစားနေလဲဆိုတာ တော့ မပြောပြဘူးတဲ့။ လျှို့ဝှက်ချက်တဲ့လေ။ အတင်းမေးတာ။ လုံးဝပဲတဲ့။ မပြောနိုင်ဘူးတဲ့။ သိချင်ရင်တော့ တိုက်ရိုက်တာ မေးပါရန်။

၃။ အဲ့ဒါက မမေမိုး - မနက်စောစောစီးစီး။ အိပ်ရာက ထတုန်း။ လှမ်းရိုက်လိုက်တာ။ အဲ့ဒီပုံလေးကို မိသွားတယ်။ ဦးထုပ် ဖြူဖြူ လေးကို ဆောင်းပြီး အိပ်တာပါတဲ့။ မျက်စိ နှစ်ဖက်ကတော့ မှိတ်လို့။ အိပ်ချင်နေသေးတယ် ထင်ပါတယ်။ ဟုတ်မှာပါ။ အတင်းနှိးပြီး ရိုက်လိုက်တာပါ။ ဓာတ်ပုံလိုချင်လို့။ :)

၎။ သူကတော့ ကိုတောင်ငူသား လေ။ သူ့ကောင်မလေးကို ရည်းစား စကား သွားပြောတာ - ဟိုက ပြန်ပြောလိုက်တယ်၊ နှစ်ယောက်လုံးက ငယ်ပါသေးတယ်တဲ့။ အရွယ်ရောက်မှ စဉ်းစားမယ်တဲ့။ သူကတော့ စိတ်တွေ ဆိုးပြီး မျက်နှာကြီးကို အဲ့လိုလုပ်ထားတာ။

၅။ သူကတော့ ကိုမင်းမင်း ပဲ ဖြစ်ပါတယ်။ အားလုံးပဲ သိကြမယ်လို့ ထင်ပါတယ်။ ကြီးလာရင် သူ့ကောင်မလေး ကို အနမ်းပေးဖို့ ငယ်ငယ်ထဲ က ပြင်းပြင်းထန်ထန် အားကြိုးမာန်တက် လေ့ကျင့်နေတာလို့ သိရှိရပါတယ်။ နှုတ်ခမ်း တောင် တော်တော် ချွန်နေပြီ ဖြစ်ပါတယ်။ လေ့ကျင့်တာ များသွားလို့။


၆။ တစ်ခြားသူတော့ မဟုတ်ဘူး။ ကိုညမီးအိမ် ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ဒီလိုဗျ။ ပြောရမယ်ဆိုရင်တော့။ စိုးတာပေါ့ဗျာ။ လူကြီးတွေ အပြင်သွားမယ်။ ကလေးတွေ အိမ်မှာနေခဲ့လို့ ပြောလိုက်တာ။ ထကြမ်းတော့တာပဲ။ သူကပြောတယ်။ လိုက်မလို့ ရေမိုးချိုးပြီး အ၀တ်လဲတော့ မှာတဲ့။ အဆင်သင့် ပြင်နေတာ။ အဲ့လိုလုပ်လို့ စိတ်တိုသွားတာလို့ ဆိုပါတယ်။


၇။ သူကတော့ တစ်ခြားသူမဟုတ်ဘူး။ ကိုစိုင်းဝဏ ပဲဖြစ်ပါတယ်။ သူကလဲပဲ မမေကို အားကျလို့ပါတဲ့။ ဦးထုပ်အောက်ကို ၀င်ပြီး ပဲထုတ်နေတာပါ။ မျက်နှာကိုတော့ ချစ်စရာကောင်းအောင် မရယ်မပြုံးပဲ ရယ်တော့မည့် ဟန် ဖြစ်အောင် သရုပ်ဆောင်ထားပါတယ်တဲ့ဗျာ။

၈။ သူ့နာမည်က မင်းကျန်စစ် တဲ့။ ဘာကိစ္စနှင့် ပြဿနာ တက်နေသလဲ ဆိုတာကို ကျွန်တော်တို့ စုံစမ်းဆဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာ ကတော့ ကောင်မလေး တစ်ယောက်ကြောင့်လို့ ယူဆ ထားပါတယ်။ တော်ကြာမှ ဆုံးမရဦးမယ် - ဆေးလိပ်သောက်လို့။ :D

၉။ မညောင်းတမ်း မျက်နှာ သုတ်ပါဝါ အောက် မှာနေပြီး မျက်စိ မှိတ်မှတ် ပြနေတဲ့ သူကတော့ ကိုငြိမ်းစု ပဲဖြစ်ပါတယ်။ ရပ်ပါတော့ လို့ ပြောတာ ပြောလို့ကို မရဘူး။


၁၀။ သူ့နာမည်က ကိုစိုးထက် တဲ့။ သူက ငယ်ငယ်တုံးက တော်တော်စိုးတယ်တဲ့။ ဒါကြောင့် အမြင်ကတ်ကတ်နဲ့ သူ့ကို သူ့အမကြီးက ဟန်ဘာဂါ လုပ်ပြီး စားမလို့တဲ့။ တော်တော်တောင် တားယူလိုက်ရတယ်။


၁၁။ ဗိုက်ဆာတယ် ဆိုပြီး မီးဖိုချောင်ထဲ ၀င်ကာ ကြုံရာ ကိုက်စားနေသော ကိုမော်စီ ဆိုတဲ့ တီတာတာ ကတော့ သူပဲဖြစ်ပါတယ်။ အဲ့ဒါက စားတာ ၅ခု မြောက်တဲ့။ အစားကပုတ် တယ်။ ငယ်ငယ်ထဲက။


၁၂။ သူကတော့ ကိုနတ်ရှင်နောင် ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ထဲက ကြည့်ပါဦး။ မော့တတ်နေပြီ။ နို့ဘူး အစား အဲ့ဒါတွေကို သုံးဆောင်တာ သိပ်မိုက်ပါတယ် တဲ့ဗျာ။ အယ်.. ခြေထောက်ကလေး နဲ့ မော့ရတာ ကိုမှ ပိုပြီး အရသာ ရှိပါတယ်တဲ့။



အားလုံးပဲ စိတ်ချမ်းသာကြပါစေ။
Tea

အပိုင်း ၂ လာပါဦးမည်။ နောက် တစ်ခြား ဘလောခ့်ဂါတွေဖြစ်သည်။ ပါဝင်ချင်သူများ ကြိုတင်စာရင်းသွင်း ထားနိုင်ပြီ။

မှတ်ချက်။ ဖတ်လို့ကောင်းအောင် ဘလောခ့်ဂါ ၁၂ယောက်အား ထည့်သွင်း လိုက်ခြင်းပါ။ ဓာတ်ပုံတွေကိုတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ကျွန်တော့် ဘလောခ့်မှာ တင်ဖို့ဆိုပြီး ပို့ထားတာပါ။ သူမရဲ့ ရှာဖွေမှုတွေပါ။ ခေါင်းစဉ်တွေ နာမည်ပေးတဲ့နေရာမှာ အထူးအဆန်းဖြစ်သွားစေတဲ့ သရုပ်ဆောင်ထား ကြသော ကိုကိုတို့ မမတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း။

29 comments:

  1. အတော်ပဲ ဗိုက်ဆာနေတာ ... ဟိ :P

    ReplyDelete
  2. နာကျ တော့ မပါဘူး.. စိတ်ချိုးသွားပီ..
    နောက် အပိုင်း ၂ ကြရင် ငါ့ကို ပါအောင်လုပ်..ဒါဘဲ

    ReplyDelete
  3. ဝေး ဟေ့လူ.. လာလည်သွားတယ်ဗျာ... ရေးလည်းရေးတတ်ပါပေ့... ကိုစိုးထက်ကြီးပုံ အတူဆုံးပဲ.. ဟီးဟီး.. အဆင်ပြေပါစေဗျာ...

    ReplyDelete
  4. မီးကတော့ မမေ ကို အချစ်ဆုံး.. ပြူးတူးတူးလေး

    ReplyDelete
  5. ဟာ.. ကိုတီး။ ကိုယ့်ပုံကျတော့ ကိုယ်မတင်ထားပါလားဗျ။ ကျွန်တော် လုပ်ပေးရမှာလား။ ဘယ်လိုလဲပြော။ :D ကိုစိုးထက်ကြီးပုံ ကနည်းနည်း အသက်ဝင်တယ်။ :P ကိုတီးပုံကတော့ ဒီမှာနှိပ်ပြီး ကြည့်လိုက်တော့နော်။

    ReplyDelete
  6. ဟားဟား... မိုက်တယ်ဗျို့...

    ReplyDelete
  7. မင်းပုံ ပါမပါ လာကြည့်အုန်း
    http://joyful4all.blogspot.com/2007/08/news-are-you-wise-or-dull.html
    http://joyful4all.blogspot.com/2007/08/news-so-what-whos-care.html

    ReplyDelete
  8. နတ်ရှင်နောင် ကြီးက ငယ်ငယ်ထဲက မော့တတ်နေပြီကိုး

    ReplyDelete
  9. @ ကိုနတ်ရှင်နောင်

    ရက်စက်လိုက်တာနော်.. ကျွန်တော့်ပုံကို ပြောပါတယ်။ မတရားလိုက်တာ.. သူ့ကို ကျတော့ ချစ်စရာ တီတာတာ လေးပေးထားတာ ကို..သူက အားမနာ လျှာမကြိုး.. သိမယ်.. နောက်တစ်ခါ.. လဲ့စားချေပြမယ်။ ဟွန်း..တီးတဲ့..စပယ်ရှယ်ပုံတွေ အများကြီးရှိတာ..

    အခု ပုံကောင်းကောင်းလေးနဲ့ ပြန်ပြရင်ပြ.. မပြလို့်ကတော့... သိတယ်မလား.. :)
    warning ပေးတာ.. ဒါပဲ

    Tea

    ReplyDelete
  10. NatShinNaung picture is the best ever and it really suits with him indeed...,

    Weldone for your great job, Tea!!!

    Soe Mya Nandar Thet Lwin

    ReplyDelete
  11. yae.. ဒါမှဒို့ အမကြီးကွ.. အမှန်တရား ဘက်တော်သား.. ဟဲဟဲ..

    ကျေးဇူးတင်ပါ၏ ။ :D

    ReplyDelete
  12. တီ: ရေ ကလေးတွေလာကြည့်သွားပါတယ်၊ ချစ်စရာလေးတွေ၊ မျက်လုံးမှေးတာတူတယ်ကွ ၊ဟီ:ဟီ: :D

    ReplyDelete
  13. ဟုတ်ပ မော်စီတုံးက ချစ်ချာကြီး

    ReplyDelete
  14. အပိုင်း ၂ မှာ ပါဝင်ဆင်နွှဲဖို့ ဓာတ်ပုံပို့လိုက်ရလား..
    ဒါမှ မဟုတ် ဓာတ်ပုံလာရိုက်မလား..
    ကြိုတော့ အစောကြီးပြောရမယ်။ ဒီက ရှုတင်တွေ အရမ်းများတာဆိုတော့။ :D

    ReplyDelete
  15. ကိုစိုးထက်ကြီးကို ပြောပေးပါဗျာ။ ဗိုက်ဆာလွန်းလို့ တစ်ကိုက် ကိုက်သွားတယ်လို့။

    ReplyDelete
  16. အော် ဒင်းကငယ်ငယ်ထဲက ပုလင်းလိုက်မော့သကိုး

    ReplyDelete
  17. ဟားဟား.. မွေးရာပါနှမ်းခမ်းကို ... အဲလိုတင်စားပေးလိုက်တာလား.. ဟက်ဟက်

    ReplyDelete
  18. ကျုပ်ကတော့ နတ်ရှင်နောင်ခြေထောက်နဲ့ ညှပ်ထားတဲ့ ပုလင်းကို လက်နဲ့ လုသွားတယ်ဗျို့။ နောက်မှ အကြွေးပြန်လာဆပ်တော့မယ်။

    ReplyDelete
  19. မီးမီးချိုချဉ်စားမယ်လေ..ချော့ကလက်
    ကောနော်..ဟိဟိ..စားမယ်..၀ါးမယ်..
    တီးရေ..နာငယ်ငယ်ကသူ့လောက်ချစ်
    ဖို့ကောင်းဘူးဟ..ပိန်နေတာပဲ..ခုတော့
    ..ဟဲဟဲထူးဘူး...ပိန်တုံးပဲ။[

    ReplyDelete
  20. ကိုဖိုးချမ်းပုံနဲ့ကိုတီးပုံတင်ပါဗျို့....

    ReplyDelete
  21. ကိုယ့်ကိုကိုယ် အဲလောက် ချစ်ဖို့ကောင်းမှန်းမသိဘူး
    ခုတော့ တီးကြောင့် လူတွေသိကုန်ပြီ

    ReplyDelete
  22. တစ်ကာတွန်း ကုန်သွားပြီ။ နောက်ထပ် ဝယ်ပေး ဝယ်ပေး။ သူများတွေ ပျော်နေတဲ့ အချိန်မှာ ဆေးလိပ်သောက်ပြီး မှိုင်နေရတဲ့ ငါ့ဘဝပါလားနော်။ ဒွတ်ခ ဒွတ်ခ :D

    ReplyDelete
  23. yeah you are right Tea. I have been thinking :P
    BTW great job for your creativities hope to see more :)

    ReplyDelete
  24. part 2 will come with next 12 bloggers! xP still picking the actors and actresses to take part. :D anyone wants to be part ot it? ENROLL!! :D lol

    ReplyDelete
  25. ma may is truly a cute one!!

    ReplyDelete
  26. Natshinnaung, my imagination of tea's picture was exactly the one you posted. Just kidding tea!

    ReplyDelete
  27. အဲဒါကြောင့်ပြောတာပေါ့..ညီရာ.“ ညမီးအိမ်” ကို Tea တွေလွှတ်မတိုက် ပါနဲ့ လို့ ... အခုတော့ လူကြီးတွေ မျက်နှာ ပျက်ရပြီ..: P...ဒါပေမဲ့ “ ကြိုက်သယ်.. ” ( ထက်ထက် ကြော်ညာ ထဲကလို...ခိ )

    ReplyDelete
  28. ကိုမင်းကျန်စစ်ကဘာတွေစိတ်ညစ်နေတာလဲဗျ။ ကောင်မလေးက ဆေးလိပ်ဖျက်ခိုင်းလို့နဲ့တူတယ်။ စကားမစပ် မောင်တီးက ကိုနတ်ရှင်နောင်ပြတဲ့ပုံထဲက အတိုင်းလားဟင်။ အဟက်နောက်တာနော်။ :P တူမယ်ထင်တယ်။ ဟီးဟီး

    ReplyDelete
  29. ကြံကြံစီစီ တွေးလည်းတွေးတတ် ဖန်တီးတတ်ပါပေ့ ကိုတီး ရေ ပြုံးစိစိတော့ဖြစ်မိသား မြှူံးမိပြီး ဒီထဲ ပါမှတော့ကြောက်ပါ့ဗျာ.....

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။