Wednesday, April 23, 2008

ကျွန်တော် ပြောချင်သော ကျွန်တော့် တိုင်းပြည် အကြောင်း - အမှတ် ၂။ စီးပွားရေး လောက

An Economy of a country is something that represents what a certain country is. ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော့် အမြင်မှာတော့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတစ်ခုသည် ၄င်း နိုင်ငံကို အစစ အရာရာကနေ ကိုယ်စားပြုပေးထားသည့် ပဏာမ အင်အားတစ်ခု ဖြစ်ပါသည်။ စီးပွားရေး မကောင်းသော နိုင်ငံတစ်နိုင်ငံသည် နိုင်ငံတကာ အလယ်တွင် မျက်နှာသေး မျက်နှာငယ်နှင့် အစွမ်းအစမရှိ၊ အာဏာ သက်ရောက်မှု မရှိ ဖြစ်နေရ ပါသည်။ ဘာနှင့်တူသနည်း ဆိုသော် ငှက်တစ်ကောင်အား အတောင်ပံနှစ်ဖက်လုံး ဖြတ်ပစ် ထားခြင်းနှင့် တူပါသည်။ ဤငှက်သည် ပျံချင် သော်ငြား မပျံနိုင်ရှာ။ ပျံဖို့ရာကား သူ့ထံ အစွမ်း အစမရှိ၊ ငှက် တွေ ကြားထဲမှာ လည်း ငှက်နှင့်မတူ။ အပေါင်း အဖော် ကား မရှိ၊ တစ်ကိုယ် တည်း သွားရင်း လာရင်း၊ နောက်ဆုံး တွင် တစ်ခြားသော သတ္တ၀ါတို့၏ သတ်ဖြတ် စားသောက်ခြင်း ကို ခံရမည်မှာ မလွဲ မသွေ ဖြစ်ပါ သည်။ ထိုနည်းတူ စီးပွားရေး ပြိုကွဲ ပျက်စီး နေသော နိုင်ငံ တစ်နိုင်ငံ သည်လည်း အတောင် နှစ်ဖက် မရှိသော ငှက် တစ်ကောင် သာ ဖြစ်ပါသည်။


ကျွန်တော်တို့ မြန်မာနိုင်ငံကို စီးပွားရေး ရှုထောင့်ကနေ ခံစားကြည့်ရအောင်။ မပြောချင် ပေမယ့် ပြောရဦးမည်။ အင်မတန်ဆိုးရွား နေပါသည်။ တော်တော် အခြေအနေဆိုးပါသည်။ ပိုးဆိုးပက်ဆက် ဖြစ်နေပါသည်။ နလန်ပြန်ထူရင် တော်တော်ခက်နေပါသည်။ ဒီလောက်ဆို အားလုံးလဲ သိသင့်ရောပေါ့။ ဟုတ်ပါသည် မှန်ပါသည်။ အမိမြန်မာပြည်ကြီး တစ်ချိန်က အာရှ၏ ကျားတစ်ကောင် အဆင့်မှ အာရှကြွက် အဆင့်သို့ အသွင်ပြောင်းသွားတာလဲ တော်တော်ကြာမြင့်နေပါပြီ။ ဗိုလ်နေ၀င်း ၏ ရက်စက်သော လုပ်ရက်များ တိုင်းပြည်ကြီး ပေါ် မသက်ရောက်စဉ် ကာလအတွင်းတွင်

ကျွန်တော်တို့ မြန်မာသည် အာရှတစ်ခွင်တွင် မြန်မာကွ ဆိုပြီး ရဲရဲဝင့်ဝင့် လက်ဆယ်ချောင်း ခြေထောက်ဆယ်ချောင်း ထောင်ကာ ကြက်သရေ မင်္ဂလာ အပေါင်းနှင့် မြိုင်မြိုင် ဆိုင်ဆိုင် အရှိန်အ၀ါ အပြည့်နှင့် တိုးတက် နေခဲ့ သော အများတကာ သူသူငါငါ မျက်စိကျနေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ ၏အကောင်းဆုံး ဟူသော အချိန်ကာလ များသည် သူတို့တတွေ၏ ရက်စက်ယုတ်မာ လှသော အာဏာရှင် စက်ယန္တရားကြီး အောက်တွင် အားလုံး ပြိုပျက်သွားခဲ့ပြီ။ အကြွင်းမရှိတော့ပီ။

ထို အချိန်မှ စတင်ပြီး ယနေ့ ခုနှစ် သက္ကရစ် ၂၀၀၈ တွင် ကျွန်တော်တို့ တိုင်းပြည်သည် ဤနှစ် ၅၀ အတွင်း တစ်နှစ်ထက်တစ်နှစ် တိုးတက်မှု ဟူသည် တစ်ခြား တိုင်းပြည်များနှင့် နှိုင်းဆကြည့်သော် နေလုံးကြီး နှင့် ကြက်ဥတစ်လုံး အား နှိုင်းကြည့်သည်နှင့် အသွင်တူပါသည်။ ကျွန်တော်က တိုင်းပြည် မတိုးတက်ဘူးလို့ မဆိုလိုဘူးနော်။ တိုးတက်ခဲ့ပါသည် ဤအချိန်အတွင်း။ ပြောရရင်တော့ ငုံးဥကနေ ကြက်ဥဖြစ်လာတာပေါ့နော်။ တစ်ခြား စင်ကာပူတို့ ယိုးဒယားတို့ဆိုလျှင် ငုံးဥကနေ ယခု ဂြိုလ်တွေ လတွေ အထိ ကြီးမားကုန်ပါပြီ။

တစ်ချိန်က အရှေ့တောင်အာရှမှ ကျွနိုပ်တို့ တိုင်းပြည်နှင့် ယှဉ်လျှင် ဘာမှ မဖြစ်စလောက် အင်အားလေးသာ ပိုင်ဆိုင် ထားသော စင်ကာပူ နိုင်ငံသည် ယနေ့ ဤအချိန်တွင် ၄င်း၏ GDP purchasing power လူတစ်ဦး ချင်းစီ၏ ၀ယ်လိုအား သည် ကမ္ဘာ့ နိုင်ငံပေါင်း များစွာ ၏ ကြားတွင် အမြင့်မားဆုံး အဆင့်၁၀ အတွင်း မားမား မတ်မတ် ရပ်တည် နိုင်သော နိုင်ငံတစ်ခု ဖြစ်နေပါပြီ။ ၂၀၀၇ ခုနှစ် တွင် ကမ္ဘာ့အမြင့်ဆုံး လူတစ်ဦးချင်းစီ၏ ၀ယ်လိုအား အမြင့်ဆုံး နိုင်ငံသည် တစ်နှစ်လျှင် ဒေါ်လာ ၈သောင်း ဖြစ်နေချိန်တွင် စင်ကာပူနိုင်ငံသည် အဆင့် ၆ နေရာမှ ဒေါ်လာ ၅သောင်း ဖြင့် ရပ်တည်နေပါသည်။ ကျွန်တော်တို့ တိုင်းပြည်ကတော့ ဟိုး အောက်ဆုံးပိုင်းကနေ အီသီယိုးပီးယား၊ အာဖကန်နစ်စတန်၊ ကွန်ဂို နိုင်ငံတို့နှင့် အပြိုင် နင်လားငါလား အငြင်းအခုန်ဖြစ်နေပါတယ်။ ၂၀၀၇ မှာတော့ Ranking စီ ကြည့်လိုက်တော့ ကျွန်တော်တို့က ၁၈၀ ကျော်မှာ ၁၇၉ နေရာဖြင့် ယှဉ်ပြိုင် တိုက်ခိုက်နေပါတယ်။ စင်ကာပူနဲ့တော့ အများကြီးမကွာပါဘူးနော်။
ပြောရမယ်ဆိုရင် တော်တော်ရင်နာစရာပါ။

ဒီလောက်တောင် ဘိုးဘွားအမွေအနှစ် ပေါများလှပြီး သဘာဝကြီး၏ သံယံဇာတ အဖိုးအနှစ်တွေ နှင့် ပြည့်နှက် နေသော နိုင်ငံတစ်နိုင်ငံ သည် ဤအာဏာရှင် စနစ်ကြောင့် အီသီယိုးပီးယားဟူသော ဘာမှ မရှိသည့် နိုင်ငံနှင့် ရင်ဘောင်တန်းနေရပါသည်။ ကျွန်တော်တို့ ရေလိုချင်ရင် မိမိအိမ်တွင် အဝေစိ တွင်းကြီး တူးပြီး မိမိ လိုသလောက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ လောင်စာဆီလိုသလား ကမ်းရိုးတန်းတွေမှာ ထွက်နေသော သဘာဝ ဓာတ်ငွေ့တွေ၊ ပေါလွန်းလို့..သွားယူ။ လာပြန်ပြီ အင်မတန်မှ ကြီးမားလှသော ကျောက်စိမ်းတုံးကြီး တွေ့ပြန်ပြီ။ ခဏကြာသော် မရှိတော့။ တွေ့ပြန်ပြီ ပတ္တမြားတွေ၊ နီလာတွေ ကျောက်သံပတ္တမြားတွေ၊ သူတို့လဲ ဒီလိုဘဲ ပျောက်ပျောက်ကုန်တာ စုန်းပြုစားသလား အေက်ာမေ့ရတယ်။ မကြာသေးဘူး ပျောက်သွားရော။ တော်ကြာ ဟော့တွေ့ပြန်ပြီ။ အခု ကဲမရှိတော့ဘူး ဖြစ်နေတယ်။ မုတ်ကောင်လေးတွေက ပုလဲရတနာတွေ။ သူတို့တွေရဲ့ နေ့စဉ်ငိုကြွေးနေသော မျက်ရည်တွေ ဒီလိုဘဲ ပျောက်ပျောက်ကုန်တာ။ သစ်တောတွေ ပြန်စိုက်ကြပါ။ သစ်ပင်မခုတ်ရ။ ပြောက်သွားပြန်ပြီ။ သစ်တောကြီးတွေ၊ ကျွန်းသစ်တွေ မရှိတော့ဘူး။ သူတို့ပြောတာတော့ export လုပ်လိုက်တာဆိုဘဲ။ ကျွန်တော့်အထင်တော့ သူတို့အားလုံး ကိုယ့်အိပ်ကပ်ထဲကို ကိုယ့်ဘာသာကိုယ် export inport လုပ်နေကြတာ။


သူတို့တွေနဲ့ သူတို့ အပေါင်းအဖော်တွေကတော့ ကြီးပွားပြီးရင်း ကြီးပွားနေကြတယ်။ ၀ပြီးရင်း ၀နေတာ အဆီပိတ်ပြီး သေတော့မယ်။ တစ်တိုင်းပြည်လုံးက တိုင်းသူပြည်သား တွေကတော့ ဒူးနဲ့ မျက်ရည်သုတ်နေကြရတယ်။ ဒါတွေကို သူတို့မသိဘူးလား? မမြင်နိုင်ဘူးလား? နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင် တစ်ယောက်ဆိုတာ တိုင်းသူပြည်သားတွေ အပေါ်မှာ တော့ မိကောင်း ဖခင် ပီပီ စောင့်ရှောက် ပျိုးထောင်ရမှာ။ အခုတော့ သားသမီးတွေ သေချင်သေ ရှင်ချင်ရှင် ကွဲချင်ကွဲ ပြဲချင်ပြဲ ဆိုပြီး သူကတော့ အာရုံ ၅ ပါး ချမ်းသာ နေတာ။ တကယ့်ကို ရင်နာစရာ အဖြစ်အပျက်လေးတွေပါ။ တိုင်းပြည်ရဲ့ အဆီအနှစ်တွေကို တစ်နေ့တစ်နေ့ ၀ါးမျို စုပ် နေပြီး ကြီးပွားချမ်းသာနေလိုက် ကြတာ။ မြန်မာပြည်ခင်ဗျာ ဖျော့တော့တော့ ဘဲ ကျန်တော့တယ်။ မသေရုံတစ်မယ်။ ဒီထက့် ဆိုးရင် လဲ အီသီယိုးပီးယားကို အဖေ ခေါ်ဖို့ဘဲကျန်တော့တယ်။


စီးပွားရေး တစ်ခုမှာ အကြမ်းအားဖြင့် ၂မျိုးရှိတယ်။ Government ကနေ Centralize လုပ်ပြီး တစ်တိုင်းပြည်လုံး ကို တော်တော်များများ စိုးမိုးထားသော Monopoly လုပ်ပြီး စိုးမိုးထားသော လွှမ်းမိုးမှုစနစ် နှင့် နောက်တစ်ခုက လူထု တစ်ခုလုံးက စိုးမိုးပြီး Government က သိပ်ဝင်ပြီး မစွက်ဖက်ဘဲ နေတဲ့ Capitalism ဟူသော ဈေးကွက် စီးပွားရေးစနစ်ဟူ ပြီး ၂ ခု ရှိတယ်။ မြန်မာပြည်ကတော့ အစွန်းရောက် စနစ်တစ်ခုဖြစ်ပါတယ်။ Centralize System ရဲ့ အစွန်းရောက်ပါ။ နေရာတစ်ကာမှာ အစိုးရကသာ အားလုံးကို လွှမ်းမိုးထားတာပါ။ လူထုတွေ ပိုင်တာ အလွန်နည်းပါတယ်။ လူထုတွေ ရဲ့စီးပွားရေးဆိုတာကလည်း သူတို့ ကြိုက်သလို ခြယ်လှယ် ဖျက်ဆီးနိုင်ပါတယ်။

ယခု မြန်မာ နိုင်ငံတွင် အချမ်းသာဆုံးသော ဦးတေဇ သည် စီးပွားရေး ကွန်ယက် တစ်ခုလုံးကို အင်အားအကြီးဆုံးနှင့် နေရာတိုင်းလိုလို စိုးမိုးထားသော သူတစ်ဦး ဖြစ်ပါတယ်။ ဟိုနေရာလည်းသူပါတယ်။ ဒီနေရာလည်းသူပါတယ်။ ဟို project လည်း သူ့ဟာ။ ဒီ စီမံကိန်းလဲ သူ့လုပ်မှာ။ ဟိုပါမစ့် လည်း သူဘဲ။ ဒီလုပ်ပိုင်ခွင့်လည်းသူဘဲ။ မင်းသားကို ဖြစ်နေတာ။ ဟိုနာမည်ကြီးသော ဟိုသူရဲ့ စီးပွားရေးမှာ သူလည်းပါတယ်။ ဒါတွေကြောင့် ချမ်းသာနေတာလေ။ အားလုံးသူဘဲ ရနေတာကို။ ကောင်းတာဆို သူ့ဟာကြီး ဘဲ။ ဦးတေဇက ဟိုလူရဲ့ အရေးပါဆုံးလူဆိုတော့လည်း အားလုံး သူ့ဟာပဲပေါ့။ တိုင်းပြည်တစ်ခုလုံးကို နေရာစုံမှ လက်ဝါးကြီးတစ်ခု နှင့် မားမားမတ်မတ် အုပ်ထားပြီး အကောင်းဟုသမျှကို ချူစားနေမှတော့ မြန်မာပြည်ကြီး မဆင်းရဲရင် ဘယ်နိုင်ငံ ဆင်းရဲမည်နည်း။


ယခုလက်ရှိစီးပွားရေး ဦးတည်ချက်လေးရပ်အား လေ့လာခြင်း -

၁။ ဒီဟာကတော့ စိုက်ပျိုးရေးအကြောင်း ပြောထားပြီး အခြေခံကျတဲ့ တစ်ခုဆိုတော့ မပြောတော့ဘူး။
၂။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး - အင်း အဲ့ဒီဈေးကွက်စီးပွားရေး ဆိုတာ ခုနက ကျွန်တော်ပြောခဲ့တဲ့ Capitalism ကို ပြောတာ။ အဲ့ဒါက Government က စီးပွားရေးကြီးကို လက်ဝါးကြီးအုပ်ပြီး မထိမ်းချုပ်မှ ဖြစ်လာမှာ။ တစ်နည်းပြောရင် အစိုးရမှာ မတရားတာတွေ့ရင် ဖြေရှင်းဖို့ အာဏာဘဲရှိရမယ်။ ဗိုလ်ကျား သစ်နတ် ကိုယ်ကြိုက်တာ ကိုယ်လုပ် လို့ မရဘူးလေ။ အခုတော့ ကိုယ်ကြိုက်တာလဲ ကိုယ်လုပ်တယ်။ ပေးချင်သလိုပေး။ ယူချင်သလိုယူ။ ဥပဒေမရှိ။ (ဂျောင်း)
၃။ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ် ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး - ဒါကလည်း ကျွန်တော့် အရင် ပိုစ့်မှာ ပြောထားတဲ့အတိုင်း ပညာရေး တံတိုင်း ကြီးတစ်ခု လုံး ရစရာ မရှိအောင် ချိုးနှိမ်ခံရပြီးမှ ပြည်တွင်းက ဘာများရှိဦးမှာလဲ။ ပြည်ပကရော ၀င်ဖို့ ခွင့်မပေးဘူး။ လက်ဝါးကြီး အုပ်ချင်တာကို။ ၀င်ရင်ဖြဲပလိုက်မှာ။ ၀င်ခွင့်ရတဲ့သူတွေ ကလည်း သူတို့ကို လာဘ်ထိုးတား လို့လေ။
၎။ နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ တို့၏လက်ဝယ်တွင် ရှိရေး - ကဲ ဒါကတော့ ခုနကမှ ပြောနေတုန်း။ အားလုံး သူတို့ပိုင် တာချည်း ဖြစ်နေမှတော့ နိုင်ငံတော်လည်းမပိုင် တိုင်းရင်းသား ပြည်သူတွေနဲ့လည်း မဆိုင်ဘဲ။ ပြောင်းပြင်ရေးသင့်တယ်။ စီးပွားရေးတစ်ရပ်လုံးကို အုပ်စိုးနိုင်မှုစွမ်းအားသည် နိုင်ငံတော် ခေါင်းဆောင်များနှင့် ၄င်းတို့၏ အပေါင်း အပါများ ၏ လက်ဝယ်တွင်ရှိရေး။ အဲ့လိုပြောင်းမှ တော်ကာကျမှာ။


ယခု ၂၁ရာစုကြီး မှာ နိုင်ငံတွေအားလုံး အရှိန်အဟုန် အပြင်းနှင့် တိုးတက် ဖွံ့ဖြိုးနေကြတယ်။ European countries တွေဆိုရင် အခု European Union ဆိုပြီး ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေး အင်ပါယာကြီး တည်ဆောက်ပြီး သူတို့ နိုင်ငံတွေ ချမ်းသာပြီး ရင်း ချမ်းသာအောင် လုပ်နေကြတယ်။ ASEAN ရဲ့ ထိုနည်း တူ လုံးဝ TRADE FREE အာဆီယံ နိုင်ငံအားလုံး အတွင်း အစီအစဉ်မှာ ကျွန်တော်တို့ မြန်မာ နိုင်ငံက နှုတ်ထွက်ထားရတယ်။ အဲ့လိုဘဲ တစ်ခြား အထူးအခွင့် အရေးတွေ အများကြီး ကို သူတို့အုပ်စုကြောင့် ဆုံးရှုံးနေရတယ်။ ခေတ်ရေစီးကြောင်း နှင့် မလိုက်စီးနိုင်ဘဲ ကျန်ရစ်ခဲ့ရတော့မှာ။ ဒါတွေသူတို့ သိသိကြီးနဲ့ နေနိုင်လိုက်တာ။ ကိုယ်ကောင်းရင် ပြီးရောဆိုပြီး အားလုံးကို မျက်ကွယ်ပြု ပြီး ပြုံးဖြီးနေနိုင်တာ တော်တော် ခိုင်မာတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်မှဘဲရမှာ။


တိုင်းပြည်ကြီးရဲ့ စီးပွားရေး အခြေအနေကတော့ ဒီလို GLOBALIZE ခေတ်ကြီးမှာ ဆိုးပြီးရင်း ထပ်ဆိုး ဖို့ဘဲရှိပါတယ်။ နိုင်ငံရေးပိုင်းက တစ်ခုခု seriously မပြောင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ မြန်မာဟာ ကမ္ဘာမှာ ဆက်လက်ပြီး နစ်မြုပ်နေရင်း နစ်မြုပ်နေရင်း နဲ့ဘဲ မြုပ်ဖို့သာရှိပါတယ်။ တစ်ချိန်မှာတော့ အနစ်လွန်ပြီး ပျောက်ဆုံး သွားရင်တော့ နောင်လာနောင်သားတွေ ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့ လူပုံလယ်မှာ ခေါင်းမထောင်နိုင်တာ ထားဦး။ သူတို့ဆိုရင် တစ်ကိုယ်လုံး မြေမြူပ်ထားမှ ဖြစ်တော့မှာ။ ဘယ်လိုမှ ဆက်ပြီး မျက်နှာပြလို့ ရမှာ မဟုတ်ပါဘူး။

ကျွန်တော်တကယ် စိတ်မကောင်းဘူးဗျာ။ အရမ်းလဲ ၀မ်းနည်းပြီး စိတ်လဲနာတယ်။ ယူကြုံးမရလဲ ဖြစ်မိတယ်။ နယ်ချဲ့ တွေထက် ပိုဆိုးပြီး ကိုယ့်အချင်းချင်း အသေသတ် ထက်တော့ ပိုပြီး ရင်နာဖို့ကောင်းတာ ရှိဦးပါ့မလား.. ပြော.. ရှိဦးပါ့မလား.. ရှိနိုင်ဦးပါ့မလား။ မြန်မာပြည်ရဲ့ စီးပွားရေး ကို ကျွန်တော်အထက်မှာ ဝေဖန်ပိုင်းခြားခဲ့ တာတွေ ထက် အများကြီး အများကြီး ပိုပို ပြီး ပြောလို့ရသေးတယ်။ ပိုစ့် တစ်ခု စာအတွက်က တော်တော်လေး ရှည်နေလို့ မပြောတော့တာ။ နောက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးလောက ကြီးက ကြောင်းတွေကို တွေးရင်း တွေးရင်းနှင့် ကျွန်တော့် ရင်ထဲမှာ စီးပွားရေး အတွက် ပူလောင်မှု ဟူသော ဘယာနက ရသ၊ သူတို့ တွေကို ယွံရှာမှု ဟူသော ၀ိဘဇ ရသ၊ တွေဖြစ် ဖြစ်လာတယ်။

နောက်ဆုံးမှာတော့ အားလုံးဟာ ဒီလိုပဲ ဖြစ်နေပါလားဆိုတဲ့ သင်္ခါရ ရသ တစ်ခုဖြစ်သွားပြီး ရင်ထဲမှာ ဟာတာတာ ဖြစ်ပြီး ကျန်ခဲ့တယ်။


မြန်မာပြည်ကြီး ပြန်လည် နလန်ထူလာနိုင်ပါစေသား။

Tea

19 comments:

  1. အင်း ဟုတ်ပါတယ် ရင်နာစရာပါ။ အားလုံးဟာရင်နာဖို့ကောင်းနေပါတယ်။

    ReplyDelete
  2. ဟီးဟီး စီးပွားရေး ဦးတည်ချက် အကြောင်း ကြိုက်တယ်။ ရီရတယ်နော်။
    I worry about burmese economy too. :(

    ReplyDelete
  3. စီးပွားရေး စနစ်ကောင်းမွန်စွာ တည်ေ်ဆာက်နိုင်ဖို့ နိုင်ငံရေး စနစ်ကောင်းကိုလည်း ရရှိနိုင်ရမှာ ဖြစ်တယ်။ ဒါ့ကြောင့် အန်တီတို့တွေ နိုင်ငံရေး စနစ်ကို ပြောင်းလဲဖို့ တတ်နိုင်သလောက် ကြိုးပမ်းနေရတာသာ ဖြစ်ပါတယ် တီးရေ...
    ဒီဆောင်းပါးလေး ကောင်းတယ်။

    ReplyDelete
  4. phat lo kg tal.. keep up the good work!! :D

    ReplyDelete
  5. How do we make sure that if we have democracy as our political system, we have capitalism as our economic system?
    Even if we have democratic government, it’s not a sure thing that we have capitalism.
    Even among the leading capitalist nation, there are many different versions, e.g. US and Europe.
    Are we ready for US styled capitalism?
    Many questions are left unanswered.

    ReplyDelete
  6. နိုင်ငံတခု တိုးတက်မှု့မှာ စီးပွားရေးကဏ္ဍက အဓိကဆိုတာလက်ခံတယ်။ အူမတောင့်မှ သီလစောင့် မှာလေ၊ အူမ မတောင့်တော့ သီလ ဆိုတာမရှိဘူး ဖြစ်ကုန်တာပေါ့။ အူမတောင့် ဖို့ကြိုးစားရင်း နဲ့ဘဲ သီလပျောက်တဲ့ သံသရာထဲက ရုန်းမထွက်နိုင် ဖြစ်နေရပြီ။

    ReplyDelete
  7. myan myan na lan htu ning bar zae byarrr

    ReplyDelete
  8. at burmesegoldbull - we are not ready for the real capitalism yet. certain kind of capitalism needs a certain amount of time and kind of political situation to be accepted in a country. With this condition in burma, if capitalism goes into it, i think... NO! :D

    ReplyDelete
  9. ဒိလို post ကောင်းကောင်းတွေကို ကြိုက်တယ်။ ရေးဖြစ်ရင်ပြောအုံး။ဆက်ဆက်လာဖတ် မယ်ဟေ့။

    ReplyDelete
  10. အန်တီလဲ ဒီလိုမျိုးဆောင်းပါးလေးတွေ အရမ်းကြိုက်တယ်ကွယ်၊ ရေးဖြစ်ရင်ပြောဦး လာဖတ်မယ်။

    ReplyDelete
  11. စီးပွားရေးတစ်ရပ်လုံးကို အုပ်စိုးနိုင်မှုစွမ်းအားသည် နိုင်ငံတော် ခေါင်းဆောင်များနှင့် ၄င်းတို့၏ အပေါင်း အပါများ ၏ လက်ဝယ်တွင်ရှိရေး။ အဲ့လိုပြောင်းမှ တော်ကာကျမှာ။
    အဲ့ဒီ စာသားက သွေးထွက်အောင်ကို မှန်တယ် တစ်ပုဒ်လုံးကိုကြိုက်ပါတယ်း)

    ReplyDelete
  12. စီးပွားရေးတစ်ရပ်လုံးကို အုပ်စိုးနိုင်မှုစွမ်းအားသည် နိုင်ငံတော် ခေါင်းဆောင်များနှင့် ၄င်းတို့၏ အပေါင်း အပါများ ၏ လက်ဝယ်တွင်ရှိရေး။ အဲ့လိုပြောင်းမှ တော်ကာကျမှာ။
    အဲ့ဒီ စာသားက သွေးထွက်အောင်ကို မှန်တယ် တစ်ပုဒ်လုံးကိုကြိုက်ပါတယ်း)

    ReplyDelete
  13. U r right.Our country economy is terrible...But we can't do anything.We afraid bullet..I meant not only economy but also in political.

    ReplyDelete
  14. ကျတော်ပြောချင်တာတွေကို အပေါ်မှာ အကုန်ပြောသွားပြီ။ ကျတော်တို့ နိုင်ငံရဲ့ အခြေအနေကို ကျတော်တို့ အားလုံးသိပါတယ်။ မသိတာက ဟိုလူတွေပဲ။ မသိတာလား မသိချင်ယောင်ဆောင်နေတာလာ။ စီးပွားရေး ကျပ်တည်းတယ်ဆိုရင် ဟိုကပိတ်လို့ ဒီက ပိတ်လို့ ပြောဦးမယ်။ သူတို့ အသုံးမကျတာတော့ သူတို့မသိဘူးဗျ

    ReplyDelete
  15. နောက်ဆုံးမှာတော့ အားလုံးဟာ ဒီလိုပဲ ဖြစ်နေပါလားဆိုတဲ့ သင်္ခါရ ရသ တစ်ခုဖြစ်သွားပြီး ရင်ထဲမှာ ဟာတာတာ ဖြစ်ပြီး ကျန်ခဲ့တယ်။

    :) Thin Kar Ya so dar .. dar par bae lar kwal..

    ReplyDelete
  16. TEE
    how many credits are u taking this semester
    either u r genius or u totally dnt study :P
    i mean if u have to write the post like this, u dedicated so much time
    hmm
    appreciate that!

    ReplyDelete
  17. Studying stuff is after country's politics :D

    ReplyDelete
  18. မဆိုင်တာ ၀င်မေးလိုက်ဦးမယ်
    အဲဒီသစ်ပင်က တောင်သမန်အင်းက လား ?

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။