Saturday, April 19, 2008

ကျွန်တော် ပြောချင်သော ကျွန်တော့် တိုင်းပြည် အကြောင်း - အမှတ် ၁၊၊ ပညာရေး တံတိုင်း

Freedom is a dream? တကယ်ပဲ လွတ်လပ်ခြင်းက တကယ်ပဲ အိမ်မက်တစ်ခု ဖြစ်သွားပြီလား? လူသားတိုင်း လူသားတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ အားလုံး လိုလို ပျောက်ဆုံးနေပါပြီ။ ပြောချင်တိုင်း ပြောလို့မရ။ လုပ်ချင်တိုင်းလည်း လုပ်လို့မရ။ အားလုံးဟာ ရုပ်သေးရုပ်ကလေးတွေ ဖြစ်ခဲ့ကြပြီ။

Education is the root of everything. ကျွန်တော့်အထင်တော့ သူတို့ ဒီပညာရေး ဆိုတဲ့ တံတိုင်းကြီးကို အပြီးအပိုင် ချိုးချပြစ်ခြင်းသည် အင်မတန်မှ ပြောင်မြောက်ရက်စက် သော အကြံအစည် တစ်ခု ဖြစ်ပါသည်။ မြန်မာပြည်က ပညာရေးဆိုတဲ့ တံတိုင်းကြီးက ချိုးဖျက်ခြင်း ခံရသည်မှာ Generation တစ်ခုစာ ပြန် ပတ်ပြီး နေလောက်ပြီ။ နောင်လာနောင်သားတွေ အားလုံးကို ဖြစ်ဖြစ်သမျှ အမှောင်ချထားပြီး သူတို့ ပြောချင်တာတွေ ပြောနေတဲ့ ဒီ System ကြီးအောက်မှာ တစ်ကယ်ကို ဆိုးဝါးလှပါတယ်။



အခုလို ကျွန်တော်တို့ နိုင်ငံခြားမှာ ထွက်ပြီး ပညာရှာနေကြရတယ်။ ဘယ်သူကများ ကိုယ့်တိုင်းကိုယ့်မြေ ကိုယ့်ရေကိုယ့်လေ မှာ အဆင်ပြေ နေခဲ့ရင် တိုင်းတစ်ပါး ရေခြားမြေခြား ဒေသကို
လာပြီး မွေးရပ်မြေနှင့် ခွဲခွာကာ လာနေချင်ပါ့မလဲ။ အားလုံးရင်ထဲမှာ တူညီသော အလွမ်းသံစဉ် အမုန်းမုန်တိုင်းတွေနဲ့ ကိုယ်စီ ကိုယ်စီ ဘ၀ကို ဖြတ်သန်းနေရတယ်။ ဒါတွေထားပါတော့။ ကျွန်တော်တို့ ခင်များတို့လို သူတို့အကြောင်းသိပြီး နားလည်နိုင်ပေမယ့် ပညာရေးဆိုတဲ့ တံတိုင်းကြီးကို ချိုးနှိမ်ခံလိုက်ရတဲ့ အခု မြန်မာပြည်က ရွာဖြူရွာမဲ တို့က လူတွေကရော သိပါ့မလား? ကြေးမုံ ဆိုတဲ့ သတင်းစာ၊ မြ၀တီဆိုတဲ့ ရုပ်မြင်သံကြား တွေသာ နေ့စဉ်ကြည့်နေရပြီး အင်တာနက် မတက်နိုင်တဲ့ သူတွေ၊ အများကြီးပါ။ မြို့ပြမြို့ကြီးတွေမှ လွဲပြီး တစ်ခြား တောအရပ်တွေမှ လူတွေ၊ အားလုံးနဲ့ အဆက်အသွယ်ပျက်ပြီး အမှောင်ချခံရသော ဘ၀ထဲမှာ နေ့စဉ် ဘ၀ကို လုံးပန်းပန်းပြီး ပင်ပန်းစွာ ရှင်သန်နေရသည့် သူတွေလည်း နေရာအနှံ့ပါ။ ဒီလိုလူတွေ တစ်နေ့နဲ့ တစ်နေ့ ပိုပို ပြီး များများ တိုးပွားလာလျှင် နောင်အနာဂတ်မှာ တိုင်းပြည်ကြီး ဘာဖြစ်သွားမည်နည်း။

ပညာရေးဆိုတဲ့ တံတိုင်းကြီးကို သူတို့ကတော့ ဆက်လက် အပြီးတိုင် ချိုးနှိမ် ဖျက်ဆီး ဦးမှာ အမှန်ပါ။ It is like Brain-washing. လွတ်လပ်စွာ ပြောဆိုခွင့် လည်း မရှိတော့ ဒီလူတွေကို နားလည်တဲ့သူတွေက ဘယ်လိုမှ ဟောပြောရှင်းပြလို့ မရဘူး။ တစ်နည်းပြောရသော် ကျွန်နုပ်တို့ မြန်မာ ပြည် ကြီးတစ်ခုလုံးက Chain System ကြီး တစ်ခုလုံး ကျဆုံးနေသည် ဟု ပြောလို့ရပါတယ်။ တစ်ခုနဲ့ တစ်ခု ဆက်သွယ်နေပြီး အားလုံးလိုလို ချိုးဖျက် အမှောင်ချခြင်း ခံထားရတော့ ပြဿနာ တစ်ခု ကို ဘယ်လို ဖြေရှင်း နိုင်စွမ်း ရှိတော့မည်နည်း။ ပညာရှိသည့်သူတွေ နားလည်သည့် သူတွေကလည်း ပုထုဇဉ် လူသားပြီပြီ အသက်တွေ တစ်ဖြည်းဖြည်းကြီးနေကြသည်။ သူတို့တွေကိုဘဲ အားကိုးနေလို့ ဖြစ်မှမဖြစ်တာ။ လူငယ်ဆိုတဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေကို ချိုးနှိမ်ဖျက်ဆီး ပြစ်မှတော့ တစ်ချက်ခုတ် ဆယ်ချက်မက ပျက်တဲ့ အကြံအစည်ပေါ့ဗျာ။

အခု နိုင်ငံအနှံ့ မှာရှိတဲ့ တက္ကသိုလ်တွေ ကောလိပ်တွေ အားလုံး၊ သူတို့တွေ အမှန်တကယ် ပညာသင်ကြား နေပါသလား။ The answer is NO. ရန်ကုန်က သူတွေကို မေးပါ။ တော်တော်များများ ဆေးကျောင်းကို လုတက်နေရတယ်။ ဘာဖြစ်လို့လဲ။ လူတိုင်းကရော ဆရာဝန် ဖြစ်ချင်နေလို့လား။ လူတိုင်း ဆေးပညာကို လေ့လာချင်သလား။ မေးကြည့်တော့ သွားရတာ နီးလို့တဲ့။ မြို့ထဲမှာ ရှိလို့တဲ့။ နာမည် အကြီးဆုံးမို့တဲ့။ ဂုဏ် ရှိလို့တဲ့။ ဘုရားရေ။ မိမိတို့ သားရတနာ သမီးရတနာ တွေက ဆရာဝန်ကြီးတွေ ဖြစ်မှ မိဘတွေက ဂုဏ်ရှိ ရမှာလား။ တိုင်းပြည်တစ်ပြည်မှာ လူတိုင်းလူတိုင်း ကိုယ်ဝါသနာပါရာ မိမိအားသန်ရာ အခန်းမှ ၀င်ရောက် အလုပ်အကျွေး ပြုကြရမှာ။ အခုတော့ ... ဒါတွေကို ထားလိုက်ပါဦး။ ဒီလို ဆေးကျောင်းတွေ ဘာတွေရောက်တာတောင် ကျူရှင် တွေ တက်နေရသေးတယ်ဆိုတော့ စဉ်းသာစဉ်းစား ကြည့်တော့ ဗျို့။ ကျောင်းမှာ ကောင်းကောင်း စာမသင်ဘဲ ကျူရှင်ရောက် မှ ကောင်းကောင်း သင်တဲ့ ဆရာတွေ ဆရာမတွေ တစ်ပုံကြီး။ စဉ်းစားကြည့်ပါ။

ကျွန်တော်လည်း ဆေးကျောင်းကို ၂ လ လောက် တက်ဖူးပါတယ်။ စိတ်ကုန်လာလို့ ထွက်လိုက်တာ။ ဆေးကျောင်းမှာ "ငါက ဆေးကျောင်းသူကြီးကွ ငါက ဆေးကျောင်းသားကြီးကွ" ဆိုပြီး တကယ်လဲ ဆေးပညာကို စိတ်မ၀င်စားဘဲ မိဘက အတင်းတက်ခိုင်းလို့ တက်နေတဲ့သူတွေ၊ အပျော်တက်တဲ့ သူတွေ၊ အင်ဂျင်နီယာ ဖြစ်ချင်တဲ့သူတွေ၊ အစရှိသဖြင့် အများကြီးတွေ့ခဲ့ရပါတယ်။ နေ့စဉ် ပုံမှန် ဆေးကျောင်းသား တစ်ယောက်ရဲ့ ဘ၀ကလည်း ဆိုးပါပေတယ်။ မနက်မိုးလင်းရင် ကျောင်းသွား၊ အခန်းထဲမှာ မသိနားမလည်တဲ့ ဆရာတွေ ဆရာမတွေ ၀င်လာရင် ကံဆိုး။ သူတို့ပြောတာ နားမထောင်၊ ဟိုရှောက်သွား ဒီရှောက်သွား။ အဲ့ဒီလိုမျိုး တစ်နေကုန် အချိန်တွေ ကုန်ပြီး တော့။ ကျောင်းဆင်းတော့ ကျူရှင်ကို သွားရပြန်ရော။ ညမိုးချုပ်မှ အိမ်ပြန်ရောက်။ ဒါတောင် Guide ခေါ်တဲ့ လူတွေက ရှိသေး။ အိမ်ချိန်တောင် ပျောက်နေပြီခင်ဗျ။

ဘာလို့ ဆရာတွေက ကျောင်းမှာ ကောင်းကောင်းမသင်ဘဲ ကျူရှင်လုပ်ချင် နေကြတာလဲ။ သူတို့လဲ ဘ၀မှာ ရတဲ့လစာ နဲ့ စားလို့ မ၀ လို့ပေါ့ဗျာ။ ကျူရှင်တက်အောင် နည်းမျိုးစုံ နှင့် မဲဆွယ်ရတယ်၊ စာမေးပွဲနီးရင် ရွေးပေးတာတို့ ဘာတို့ပေါ့။ ထားပါတော့။ ဒီလို တက္ကသိုလ် တွေတင် မဟုတ်ဘူး။ မူလတန်း အလယ်တန်း အထက်တန်း တွေရော အားလုံး တစ်ခု မှ စနစ်မကျ ဖြစ်နေပါတယ်။ လူမဟုတ်တဲ့ သူတွေတစ်စု က ပညာရေး စနစ်တစ်ခု လုံးကို ချိုးနှိမ်ပစ် လိုက်တော့ တိုင်းပြည်ကြီး ရေထဲမျောပါလေရော ဗျို့။

ဒါတွေကို အခြေအနေ ဒီလို ရှိတယ်ဆိုတာ တိုင်းပြည်ထဲက ကျောင်းသား ကျောင်းသူ တွေ ကိုယ်တိုင်ရော သိကြပါသလား။ သူတို့တတွေ နေ့စဉ်ဘ၀ကို ဒီလိုဒီမျိုးနဲ့ ဘဲ ကုန်ဆုံးစေမယ် ဆိုရင် အနာဂတ် မြန်မာပြည်ကြီး ဘယ်လိုဘယ်ပုံနဲ့ အသက်ဆက်လက် ရှင်သန်ရမည်နည်း။

သူများ တတွေ ငါက အင်္ဂလန် ကကွ၊ ငါကတော့ အမေရိကန် ကွ၊ ငါက စင်ကာပူကွ လို့ ကိုယ်စီကိုယ်စီ ကြုံးဝါး နေကြစဉ် ကျုပ်က မြန်မာ ကွ လို့ ကြုံးဝါးနိုင်စွမ်း မရှိပါလား။ ကြုံးဝါးလိုက်ပါဦး သူတို့တွေရဲ့ စိတ်ထဲမှာတော့ မြန်မာဆိုတာ ဘာမှန်းမသိ။ သိရင်လည်း အထင်ကသေး အမြင်မရှိ စိတ်မ၀င်စား။

မနက်ဖြန်တိုင်းပြည်ကြီးဘာဖြစ်မလဲ?
ပညာရေး တံတိုင်းကြီး ပြန်လည် တည်ဆောက်နိုင်ပါ့မလား?

အစရှိတဲ့ မေးခွန်းပေါင်း မြောက်မြားစွာ ဖြင့် ရင်ထဲမှာ ဗြောင်းဆန် နေတဲ့
Tea

25 comments:

  1. ဒီပိုစ်လေးကိုဖတ်ပြီးမောင်တီးကို အရမ်းလေးစားသွားပြီ။ မှန်တယ်ဗျာ မောင်တီရေးထားတာတွေ။

    "ဒီလို ဆေးကျောင်းတွေ ဘာတွေရောက်တာတောင် ကျူရှင် တွေ တက်နေရသေးတယ်ဆိုတော့ စဉ်းသာစဉ်းစား ကြည့်တော့ ဗျို့။ ကျောင်းမှာ ကောင်းကောင်း စာမသင်ဘဲ ကျူရှင်ရောက် မှ ကောင်းကောင်း သင်တဲ့ ဆရာတွေ ဆရာမတွေ တစ်ပုံကြီး။ စဉ်းစားကြည့်ပါ။"

    မှန်၏ ။ ထောက်ခံ၏ ။ ကောင်းတယ်ဗျာ ပိုစ်က။

    ReplyDelete
  2. Keep it up buddy.. Hope to read more,,,,

    ReplyDelete
  3. I agree with you. Those generation gaps always affect the country in delayed fashion. It's no doubt that today country's status reflects weak engine of educated-generation production during past 10s. Education is the basic of attitude. Attitude makes practice. Then,...hoping your coming posts!!

    ReplyDelete
  4. well
    no comment for this
    all i wanna say is i m here in the US according to this reason
    let's talk about MC thing, that's totally pointless of university system
    guide? tuition? ridiculous compare to the learning system in the US!
    well, like u asked, "Who really want to leave Myanmar and study abroad?"

    ReplyDelete
  5. စောစောစီးစီး လာဖတ်ပြီး သက်ပြင်းကြီးကြီး ချသွားပါတယ်
    Tea တောင် မသောက်သွားနိုင်ဘူး
    စိတ်မကောင်းဖြစ်လို့။
    တကယ်ပါ။

    ReplyDelete
  6. I think MC-1 is the best university in Myanmar. Even MC is crap like that the others are worse than MC. I totally agree that Burma's education is a crap.

    ReplyDelete
  7. တီးကိုအားပေးပါတယ်----လေးစားပါတယ်--

    ReplyDelete
  8. Tea ကတော့ တီးလိုက်ပြန်ပြီ ။

    အဆိုးမြင် ၀ါဒီများ ဆန့်ကျင်ကြတဲ့။ အ ဟိ
    ပြည်ပအားကိုး ပုဆိန်ရိုးတဲ့
    နိုင်ငံတော်ကို ဖန်တီးနိုင်မှူ့ စွမ်းအားသည် နိုင့် ငံ့ အတွင်းမှာသာ ရှိသည်တဲ့ ။
    အမြဲ ကြားရတွေပြောတာပါဗျာ ။

    ကျနော် ဖြေကြည့်မယ်ဗျာ ။ အဆိုးမြင်ဝါဒီ လို့တော့ ထင်မလားပဲ ။
    ၁- မနက်ဖြန်လည်း အရင်လို ပိုပြီးစုတ်ပြတ်မြဲ ပါပဲ ။
    ၂- မထင်ပါ ခင်ဗျား။

    ပြောရတိုင်း ကြားရတိုင်း ရင်နာရတာ ဒေါသဖြစ်ရတာ က ကျနော်တို့ မြန်မာပြည် အကြောင်းပေါ့ဗျာ ။
    ကြားသမျှ သိသမျှ ကောင်းတာတွေကို မမြင်ဘူး။ ပြောပြန်ရင်လည်း အဆိုးမြင် ၀ါဒီတဲ့ဗျာ ။
    ရင်တကယ်နာတယ်။ ။

    ReplyDelete
  9. ကျွန်တော်ကတော့ တီးမေးတာကို အစီအစဉ်ပြောင်းပြီး ထပ်မေးချင်ပါတယ်။

    မနက်ဖြန် ပညာရေးတံတိုင်းကြီး ဘာဖြစ်မလဲ?
    တိုင်းပြည်ကြီး ပြန်လည် တည်ဆောက်နိုင်ပါ့မလား?

    ReplyDelete
  10. မြန်မာပြည်က ကြာလေပိုဆိုးလေပါပဲ၊
    ပညာရေးက အဓိကဆိုတာလည်းမှန်တယ်။
    ဒါကိုပြောင်းဖို့ဆိုတာကလည်း အဓိက အရာတွေကို အရင်ပြောင်းဖို့လည်းလိုတယ်။
    တိတယ်မှတ်လား

    ReplyDelete
  11. ပြောဖို့ကျန်သွားတယ်။ တကယ်ကောင်းတဲ့ပို့စ်ပါဗျာ။ ဘာပဲဖြစ်ဖြစ်လေ... တီးလိုပဲ လူတိုင်းရင်ထဲမှာ အပူလှိုင်းတွေသဲခါနေမှာပါ။

    ReplyDelete
  12. ဟုတ်ကဲ့ပါ..ကိုဟန်သစ်ငြိမ်..အစ်ကိုပြောတာမှန်ပါတယ်။
    တစ်နေ့ထက်တစ်နေ့ ပညာရေးတံတိုင်းကြီးက ပိုပိုပြီးဆိုးရွားလာနေပါတယ်။ ဒါတွေကလည်း ရှိနေတဲ့ အစီအစဉ်တွေကြောင့်ဖြစ်နေရတာပါ။ အဲ့ဒီအစီအစဉ်တွေကလည်း ဒီလိုဒီပုံ အခြေအနေတွေ ဖြစ်အောင် ဖန်ဆင်းထားတာလို့ ထင်မြင်ရပါတယ်။
    ဒါတွေကြောင့် ကျွန်တော်က အားလုံးထဲမှာ အရေးကြီးဆုံး တစ်ခုဖြစ်တဲ့ ပညာရေးဆိုတာကြီးကို အမှတ်၁ အနေနှင့် ပထမဦးဆုံး ဆွေးနွေးတင်ပြ လိုက်ရတာပါ။

    ဂူးဂူးပြောတာလည်းမှန်ပါတယ်။
    တိုင်းပြည်ကြီးပြန်လည်တည်ဆောက်ဖို့အတွက်ပြောင်းလဲမှုတွေအများကြီးလိုအပ်နေပါတယ်ခင်ဗျာ။

    အားလုံးကို ကျေးဇူးတင်ပါသည်။

    ReplyDelete
  13. I came here again being interested in what comments will be left for Ko Tea's marvellous post.
    But I'm really sorry to read reputations upon IM 1 despite author's idea focusing on running general education system. Because I still trust the teaching system in Med. uni. (especially IM 1,2)is the last one in Myanmar to produce international leveled professionals. But I know I've to accept sadly even it started to decay.
    Such crabs like tutions are the result of wretched general education system. People(both students & parents) think those 're essential. All are feedbacks of the system.
    Ko Tea.. waiting for your coming post!!

    ReplyDelete
  14. I agree with you wynn.sun. I didn't say that IM-1's teaching system is a crap. It doesn't a crappy one but it is kinda a weak one becasue IM-1 only focuses on lecture system rather than pratical system. Students don't have pratical skills when they are being compared internationally and globally.

    Yes, the general system is broken down like I said. And, it is according to their plan. Every single part is being broken down by THEM. And, Education is one of them. IM-1 is just an example of mine to show about REAL LECTURE TIME (at uni) VS Tuitions system that is currently ruling the system. It is about students are very tired to go both uni and tuition. It is like wasting energy and time, and money of cuz. IT should be done in uni and students shouldn't waste their time again in tuitions, for that, they should just study on their own and have fun with their social life.

    i MUST say that the lecture system and the content materials that IM1 uses to teach students is really a standardized one. I hope they won't break that standard by changing the text materials which they did many times in high school and middle school systems. Altought IM-1 has standardized materials, they don't really have many qualified instructors and professors except the main ones. The rest of them really don't know what they are doing in classes. Again, the reason why I pointed out about IM-1 is that I want to say about crappy things about tuitions in the cities in Burma.

    Thank you wynn.

    Sorry for the long comment!

    Thanks everyone!

    Tea

    ReplyDelete
  15. မှန်ပါတယ်။ ပညာရေးစနစ်ကြီးမပြင်သမျှ ခေတ်မှီပြီး ကမ္ဘာ့အလယ်မှာ ၀င့်ထည်နိုင်မဲ့ မြန်မာပြည်အဖြစ်မြင်တွေ့လိုတဲ့ဆန္ဒ ပြည့်ဝ လာမည်မဟုတ်ပါ.

    ReplyDelete
  16. ဒီပို့စ်အရမ်းကောင်းတယ် Tea ရေ့ သူတို့ က ပညာရေးစနစ်ကို အကြံစည်နဲ့ ကို ဖျက်စီးနေကြတာ သုံးစားမရတဲ့ ပညာရေးစနစ် စာရွက်ပေါ်ကထောကခံချက်တွေ ငွေတွေ၊ ကြိုးစားခဲ့ရတာတွေ ဒါတွေအားလုံးက ဘာအတွက်ကြိုးစားနေရမှန်းတောင်မသိတော့ဘူး ဒီဘွဲ့ ရရင် ဘယ်မှာအလုပ်ရမှာလည်းဆိုတဲ့ မေးခွန်းတွေကြုံရရင် ဘာပြန်ပြောရမလဲမအောင်ဖြစ်မိတယ် မနက်ဖန် ဘာဖြစ်မလဲဆိုတာကတော့ မသိ ၊ သေချာတာက ကုန်ဈေးနှုန်း တစ်နေ့ တစ်ခြားတက်မယ် ပညာရေးစနစ် တစ်နှစ်ထက်တစ်နှစ်ဆိုးရွားမယ်ဆိုတာပါပဲ အနာဂါတ်ရဲ့ ပန်းကလေးတွေ ရည်မှန်းချက်ပန်းတိုင်တွေေ၀၀ါးနေမယ်ထင်တယ်။

    ReplyDelete
  17. မြန်မာပညာရေးက မြန်မာတစ်မျိုးလုံး တစ်ဖြည်းဖြည်းနှိမ့်ဆင်းနေတဲ့ ပညာရေးဖြစ်နေပြီ

    ကောင်းတယ် ကိုလက္ဘက်ရည်ပြောသွားတာတွေ ဒါပေမဲ့ သူသိ ကိုယ်သိ ဘယ်သူမှ မသိနိုင်သော အချိန်မှာ ပြန်တည်ဆောက်နိုင်ပါ့မလားပဲ

    တစ်ခါ တစ်လေ စိတ်ကူးမိတယ် အသက် ၁၀၀ လောက်ထိ နေပြီး ရှေ.ဆက်ဘာဖြစ်မလဲဆိုတာသိချင်နေမိတယ် ။
    ၁၀၀ လောက်နေမိတာ အလကားများ ဖြစ်သွားမလားပဲ

    ရွှန်လန်းပါစေ
    နှင်းပွင့်ဖြူလေး

    ReplyDelete
  18. ရှင်းရှင်းပြောရရင်..
    ကျွန်တော်လေ..ကျွန်တော်အသက်ရှင်နေသည့်ကာလပတ်အတွင်း..မြန်မာနိုင်ငံကြီး အောင်မြင်ကြီးထွားလာတာ မျက်မြင်ကိုယ်တွေ့ ကြုံချင်တယ်။

    ငါမြန်မာကွဆိုပြီး မြန်မာနိုင်ငံကူးလက်မှတ် ကို ဂုဏ်ယူဝင့်ကြွားစွာ ကိုင်ပြီး နိုင်ငံတကာအလယ်မှာ မျက်နှာပွင့်ချင်တယ်။

    အခု ၁၉ နှစ်။

    အင်း။

    ReplyDelete
  19. http://lawshay.blogspot.com မှာ အိပ်မက်ပျောက်ကြခြင်းအကြောင်း ဆွေးနွေးထားပါတယ် ။

    ReplyDelete
  20. ရေးချင်နေတာကြာပါပြီ အကိုရေ အဲဒီအကြောင်းကို...ထုံးစံအတိုင်းပျင်းလို့မရေးဖြစ်သေးတာ.....ကောင်းပါတယ် အကိုရေ...

    ReplyDelete
  21. အစိုးရ သစ်ပြောင်းရင်ရော ပညာရေး ပြန်ကောင်းဖို့ သေချာလား.. ဒီ အစိုးရနဲ့ ဒီလူ အသားကျနေတဲ့ အကျင့်ကြီး ဖျောက်ဖို့ ခက်မှာ မှန်ပေမယ့် မျှော်လင့်စရာလေး တစ်ခုတော့ ဖြစ်လာ လိမ့်မယ်.. ထင်တယ် ထင်တယ်.. အရာရာဟာ ၀ါးတားတားပါ တီးရယ်

    ReplyDelete
  22. ညီလေး မင်းရဲ့စိတ်ဓာတ်နဲ့ အမြင်ကို ချီးကျူး၊ လေးစားပါတယ်။

    ReplyDelete
  23. cycle of poverty...

    we can't break free..

    why?

    ReplyDelete
  24. I agree with u our education system is a crap.We want ot free that cycle of poverty...

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။