
၁။ အကြင်သူတစ်ယောက် တန်ဖိုးထားသော သက်ရှိသက်မဲ့အရာဝတ္ထု၊ အကြောင်းအရာများကို ပက်ပက်စက်စက် ပြစ်တင် ရှုံ့ ချဝေဖန်ပါ။
၂။ အကြင်သူတစ်ယောက်သည် သူ စိတ်ပါဝင်စားသောအကြောင်းအရာများကို ကိုယ့်အားပြောပြနေပါက နားမထောင်းချင်ယောင်ဆောင်ပါ။ စိတ်မ၀င်စားသလိုနေပါ။
၃။ အကြင်သူတစ်ယောက်သည် အရေးကြီးသောစကားများပြောနေပါက သူ့ စကားများထဲမှ ၀ါကျသဒ္ဒါ အမှားများကိုရှာကာ ချက်ချင်းလက်ငင်း ထိုသူအား အမှားများကိုထောက်ပြပါ။
၎။ အကြင်သူတစ်ယောက်သည် ရယ်စရာပြောပြနေပါက ကိုယ်က သူပြောနေသောအကြောင်းအရာများသည် ရယ်စရာမကောင်းသလို နေပါ၊ ခပ်တည်တည်နေပါ။ ထို့ နောက် သူ့ အား ရယ်စရာမကောင်းကြောင်းပြောပါ။
အကယ်၍ အကြင်သူတစ်ယောက်သည် အရေးပါအရာရောက်သော စကားများပြောနေပါက ဟားတိုက်ရယ်ပါ။ နောက်သလို ပြောင်သလို ပြန်ပြောပါ။
၅။ အကြင်သူတစ်ယောက်အလိုရှိသော အရာများကို ဘယ်သောအခါမှ မပေးနှင့်။ အလိုမရှိသော အခါပေးပါလေ။
၆။ အပြစ်တင်ပါ။ (လူတိုင်းသည် ကိုယ့်ကိုယ်ကို အပြစ်မရှိ ဟူ၍ယူဆတတ်ကြသည်။ ထိုကြောင့် လူမုန်းများရန် လူတကာ အားအပြစ်တင်ပါ။)
၇။ အကြင်သူတစ်ယောက်သည် ကိုယ့်အားယုံကြည်မှုကို ပြသောအခါ ကိုယ်က ထိုသူအား မယုံကြည်မှုကို ပြန်ပြပါ။
၈။ မည်သူနှင့် စကားပြောသောအခါဖြစ်ဖြစ် ကိုယ်က ချည်းပဲ ရေပက်မ၀င်အောင် ပြောပါ။ အကြင်သူအား စကားပြောခွင့်မပေးပါနှင့်။
၉။ ငြင်းပါ။ ကိုယ်က မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ အကြင်သူနှင့် အနိုင်မရမခြင်း ငြင်းပါ။
၁၀။ အကြင်သူအား ဘယ်သောအခါမှ မချီးမွမ်းပါနှင့်။ အကယ်၍ အကြင်သူသည် သူတန်ဖိုးထားသော အရာ၁ခုခု ကို အောင်မြင်ရရှိသွားကြောင်း ကိုယ့်အားလာ ပြောလျှင် ကိုယ့်လောက်မတော်မတတ်အရည်အချင်းမရှိဘဲ လာပြောနေ သယောင် ထိုသူအား ပြန်လည်ပြောဆိုပါ။ ထိုသူ၏ ချီးမွမ်းဖွယ်ကောင်းသော လုပ်ရပ်များထဲ မှ အမှားများကို ရှာကာ ထောက်ပြပါ။
၁၁။ အကြင်သူအား အမြဲတမ်း အထင်သေးသောမျက်စိ၊ ကိုယ်လောက်မတတ်ဟူသောမျက်စိ၊ ပြစ်တင်ဝေဖန်မည်ဟူသောမျက်စိ၊ မယုံသင်္ကာမျက်စိ များဖြင့်ကြည့်ပါ။
၁၂။ ကိုယ်နှင့် သဘောထားအယူအဆချင်းမတူသော အကြင်သူ ၏ သဘောထားအယူအဆများကို နားမထောင်ပါနှင့်။ ဂရုလည်းမစိုက်ပါနှင့်။ ထိုသူက ပြောပြရန်ကြိုးစားသောအခါတွင်လည်း မပြောရန်တားမြစ်ပါ။ အကယ်၍ ထိုသူ၏ သဘောထားအယူအဆများကို လူအများက ယုံကြည်သည်၊ မှန်ကန်၍လည်းနေသည် ဆိုဦးတော့ ကိုယ့် သဘောထားအယူအဆများ သည်သာ မှန်ကန်သည်ဖြစ်ကြောင်း သက်သေသာဓက(ဟုတ်သည်ရှိ မဟုတ်သည်ရှိ) များဖြင့် ပြန်လည်တိုက်ခိုက်ပါ။
ပုဂံသားအား အထက်ပါ၁၂ချက်ကို ရေးသားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
လူမုန်းသောလူများဖြစ်ကြပါစေ..ဟားဟား
Tea
သေချာတွေးကြည့်လေ မှန်လေပဲနော်။ဒီ(၁၂)
ReplyDeleteချက်ထဲက တစ်ချက်ချက်နဲ.လူကိုတွေ.လိုက်
ရရင် စိတ်တော့ညစ်ညစ်သွားတာအမှန်ပဲ။
ဒါပေမဲ့ဖတ်နေရင်းနဲ. ကိုယ်လဲဒီလိုအပြု
အမူထဲကတစ်ခုခုများရှိနေပြီလားလို. အပြေး
အလွှားတွေးမိသွားတယ်။တော်သေးတာပေါ့။
ဟီးဟီး။
သွား....လူဆိုး.....အဲဒါကြောင့် ဒီလူကြီးကို မုန်းတာ.....
ReplyDeleteဟား....... ဟား....ဟား.....
har har,
ReplyDeleteright!!!
ကောင်းပါပေ့ဗျာ
ReplyDeleteလူမုန်းများအောင်လုပ်တဲ့နည်းဘဲလား လူချစ်များအောင်လုပ်တဲ့နည်းလေး တင်ပေးပါဦး ဟီးဟီး
ReplyDeletegreat facts!
ReplyDeleteလိုက်လုပ်နေပါတယ်ကိုတီးရေ့... especially, on the fact 3/5/7/9 and 12... တိုင်းဂျူးကိုတီး... အိအိအိ...
ReplyDelete